Monday, April 29, 2013

လတစ်စင်းလိုချစ်တယ်

ရေး - နိုင်းနိုင်း

ဆို - အငဲ

နှလုံးသားတစ်ခု ဖျားနာနေဆဲ မင်းအနမ်းတို့ တမ်းတရင်းနဲ့
မျောလွင့်ခဲ့ သစ်ရွက်ကလေးလိုပေါ့ ငါ့ရဲ့စိတ္တဇများ
တောက်ပတဲ့ တို့ပုံရိပ်များ မှေးမှိတ်ပြီးပျောက်ကွယ်လို့သွား
မင်းမရှိတဲ့ နေ့ရက်များထဲ ဘဝဟာခြောက်သွေ့ဆဲ

ဝိုးတဝါးညလမ်းမများထက် မင်းများလားမှန်းဆကြည့်ရင်း
အချစ်တူ မင်းလှည့်စားခဲ့သော ငါ့နှလုံးသားလေး
နာဖျားခဲ့ပြီ နာဖျားသွားပြီ

တိတ်ဆိတ်တဲ့အခန်းကျဉ်းလေးထဲ မင်းအရိပ်တို့စီးဝင်လာခဲ့
ပြင်းရှတဲ့အချစ်စိတ်ရိုင်းက ငါ့ကိုမူးယစ်ဆဲ
နှလုံးသားရဲ့ ကျောက်ဖြစ်ရုပ်ကြွင်း အတွေးများထဲတူးဖော်ကြည့်ရင်း
တွေ့ရှိခဲ့တို့ရဲ့အချစ် ငါရူးသွားမလားမသိတော့ဘူး
အို မသိတော့ဘူး အို မသိနိုင်ဘူး အို မသိတော့ဘူး
စိတ်ကူးတွေရပ်တန့်သွားအောင် အနမ်းတွေပေးပါ
အိပ်မက်တွေ လှပသွားအောင် နင်လာ ဖန်ဆင်းဟေ့
တိမ်မည်းတွေ ဖွဲ့ယက်ထားတဲ့ ကောင်းကင်ထက်မှာ
လတစ်ဆင်းလို မင်းကိုချစ်တယ် ရင်ခုန်ဆဲဟေ့

တိတ်ဆိတ်တဲ့အခန်းကျဉ်းလေးထဲ မင်းအရိပ်တို့စီးဝင်လာဆဲ
မင်းစွန့်ပစ်ခဲ့တဲ့နေ့ရက်များ ငါ့ကိုလှိုက်လောင်နေပြီ
ငါ့ရဲ့နှလုံးသားရဲ့ကြောက်ဖြစ်ရုပ်ကြွင်း အတွေးများထဲ တူးထေ၏ဖ်ာကြည့်ရင်း
တွေ့ရှိခဲ့တဲ့ တို့ရဲ့အချစ် ငါရူးသွားမလား မသိတော့ဘူး
အို မသိတော့ဘူး အို မသိနိုင်ဘူး အို မသိတော့ဘူး
ငါတစ်ယောက်တည်းရူး အို မသိတော့ဘူး

9:28 PM 4/30/2013

No comments:

Post a Comment