Monday, April 29, 2013

ရာစုသစ်


ရေး - အငဲ
ဆို - အငဲ ၊ မျိုးကြီး ၊ လေးဖြူ

ရာစုသစ်တစ်ခုဟာ ရှေ့မှာ အသင့်စောင့်နေ
စိတ်ကူးဟောင်းများလည်းမေ့နိုင်ဖို့ခက်နေ
ငါ့လိုအပ်ချက်များ ဒီအတ္တများအတွက်
တိုတောင်းတဲ့ဘဝက ပြည့်စုံဖို့ခက်
ဆန္ဒများနဲ့ ငါမွန်းကျပ်ပြီးရူးမယ်
စိတ်ကူးသစ်နဲ့ ငါရှေ့ဆက်ပြီးလျှောက်မယ်

ဘကုန်းဘ ဝလုံးဝ
အသေအချာ အလေးအနက်မသိချင်ပါ
အို ဘာလဲဘဝ
ကြုံတဲ့ခဏ

နှစ်ဆယ်ရာစုဟောင်းပြီ
အရင်အတိတ်အဟောင်းတွေရဲ့အိပ်မက် ငါချန်ခဲ့ပြီ
ဒီအနာဂတ်ခရီးထဲ
ချိုသောအိပ်မက် နံနက်တွေ မျှော်လင့်မယ်
နှစ်ဆယ်ရာစုထားခဲ့

အချိန်ပြတင်းပေါက်ဖွင့် နာရီများကြည့်
တရွေ့ရွေ့နီးလာ ရှေ့ရာစုသစ်
ငွေကြေးလောဘများ မြေမြှုပ်ခဲ့ပြီးနောက်
လိုချင်ဆန္ဒမီးများ ငါငြိမ်းသတ်ပြီးနောက်
ရင်မှာချစ်ခြင်းမေတ္တာများငါပေးဝေဖို့အသင့်
ဟေ့
ရာစုသစ်ဟေ့

9:40 PM 5/1/2013

No comments:

Post a Comment