Tuesday, April 23, 2013

အပြာရောင်မျက်ရည်

ရေး -
ဆို - စိုင်းထီးဆိုင်

ရှိတဝက်ပျက်တဝက် နှစ်ဖက်သောပါးပြင်ပေါ်မှာ လိမ်းတဲ့ သနပ်ခါး ကွက်ကျန်လို့နေ
တစ်လိမ့်ချင်းလိမ့်လို့ စီးဆင်းကျလာရာလမ်း မြစ်နှစ်သွယ်လိုပဲ ထင်ကျန်နေ
စီးပါလေစေ ချစ်သူရေ မသုတ်လိုက်နဲ့ အပြာရောင်လေး ဒီမျက်ရည်တွေနဲ့ တကယ်လှနေ

တချက်တချက်ရှိုက်တဲ့မင်းငိုသံလေး ညသန်းကောင်တေးတစ်ပုဒ်လိုပဲလေ
ယဲ့ယဲ့ပြုံးတဲ့ မင်းရဲ့မျက်နှာမြင်တော့ အလှပန်းချီတစ်ချပ်အလား ထင်စရာပေ
စီးပါလေစေ ချစ်သူရေ မသုတ်လိုက်နဲ့ အပြာရောင်လေး ဒီမျက်ရည်တွေနဲ့ တကယ်လှနေ

အပြာရောင်လေး အချစ်မျက်ရည် အပြာရောင်မျက်ရည် အချစ်သက်သေ
စိုခွင့်ရှိသူသာ စိုစေမယ် စိုစေမယ်

ပေါက္ခဝဿန မိုးလိုပြောတာ ဒါပဲဖြစ်မယ်ထင်ရဲ့ စိတ်မှာစွဲနေ
လိုက်လျောခြင်းရဲ့အဆုံးစွန်းရောက်တဲ့ ခဏလေး တသက်မှာတစ်ခါပဲ ကြုံမယ်လေ
စီးပါလေစေ ချစ်သူရေ မသုတ်လိုက်နဲ့ အပြာရောင်လေး ဒီမျက်ရည်တွေနဲ့ ယဉ်လို့နေ

တချက်တချက်ရှိုက်တဲ့မင်းငိုသံလေး ညသန်းကောင်တေးတစ်ပုဒ်လိုပဲလေ
ယဲ့ယဲ့ပြုံးတဲ့ မင်းရဲ့မျက်နှာမြင်တော့ အလှပန်းချီတစ်ချပ်အလား ထင်စရာပေ
စီးပါလေစေ ချစ်သူရေ မသုတ်လိုက်နဲ့ အပြာရောင်လေး ဒီမျက်ရည်တွေနဲ့ တကယ်လှနေ

10:58 PM 4/23/2013
စိုင်းထီးဆိုင်

No comments:

Post a Comment