Tuesday, April 23, 2013

ငိုနေလို့တော့အပိုပဲ

ရေး -
ဆို - စိုင်းထီးဆိုင်

အရွယ်ရောက်ချိန်ကတည်းက စဲခဲ့တဲ့မျက်ရည်တွေ အခုမှပြန်စီး ကျနေရသတဲ့လား
အပျိုအရွယ်ရောက်ချိန်ကတည်းက ထိန်းသိမ်းခဲ့တဲ့ ပန်းအလှဟာ အခုမှကြွေနွမ်းပျက်ကာသွားတာလား
ဟူး ဖြစ်ခဲ့ပြီမို့ တွေးပူလို့တော့ အပိုပဲ အပိုပဲ
ပြီးခဲ့ပြီမို့နှမြောမနေနဲ့တော့ မငိုနဲ့ မငိုနဲ့

လူရယ်ဖြစ်လာမှတော့ မိုက်မဲမှုတော့ မကင်းနိုင်
အဆိုးအကောင်း ဒွန်တွဲရှိနေကြတာပဲ
တစ်ခါတစ်လေမှားတာလေးတော့ ဘဝတစ်ခုလုံးကို မပျက်စေနိုင် အမှားထဲက အမှန်တရား ရအောင်လုပ်ပါလား

ဟူး မှားခဲ့ပြီမို့ တွေးပူလို့တော့ အပိုပဲ အပိုပဲ
ရှိပါစေတော့ နှမြောမနေနဲ့တော့ မငိုနဲ့ မငိုနဲ့
(ငို ငိုမနေနဲ့ အပိုပဲ)၂
တိတ်ပါ မိန်းကလေးရယ် ငိုမနေနဲ့ အပိုပဲ

နေရောင်ခြည်ပျောက်ကွယ်သွားလည်း လမင်းရဲ့အလင်းရောင်ရှိပါတယ်
ဘဝရဲ့ရည်မှန်းချက်တွေ မဆုံးစေနဲ့
နေရောင်လို မတောက်ပေမယ့်လည်း အေးချမ်းမှုကိုပေးနိုင်တယ်
မင်းအပြုံးတွေနဲ့ဆီးကြိုလိုက်ပါလား

ဟူး အတိတ်ကိုတမ်းတ ငိုနေလို့တော့ အပိုပဲ
ပြီးခဲ့ပြီမို့ ရှိပါစေတော့ မငိုနဲ့ မငိုနဲ့
(ငို ငိုမနေနဲ့ အပိုပဲ)၂
တိတ်ပါ မိန်းကလေးရယ် ငိုမနေနဲ့ အပိုပဲ

10:49 PM 4/23/2013
စိုင်းထီးဆိုင်

No comments:

Post a Comment