Tuesday, April 23, 2013

အိမ်ကိုပြန်ခဲ့တော့

ရေး - ကေအေတီ
ဆို - လေးဖြူ၊ မျိုးကြီး

အိမ်ကိုမင်းလွမ်းနေသားနဲ့ တေပေပြီး ခုလောက်ထိတော့ မင်းမခွဲစဖူး
ဟိုအရင်တုန်းက တို့အိမ်လေးထဲ တစ်ခေါက်လောက်ပြန်ခဲ့တော့ဟေ့

တယ်လီဖုန်းစောင့်ရင်း မင်းအသံမျှော်နေတုန်း
ပြန်ရောက်မယ့်နေတော့ ပြောလိုက်ဦး
ဂစ်တာတီးပြီးတော့ ညည်းဆို ရေဒီယိုသီချင်း မင်းအကြိုက်တွေမမေ့နိုင်ဘူး
အိမ်ကိုပြန်ခဲ့တော့/မင်းနဲ့တွေ့ချင်လို့ ဟိုမှာမပျော်တဲ့ခဏ
အိမ်ကိုပြန်ခဲ့တော့ အတူတူပြန်ဆုံနိုင်အောင် ကြိုးစား
မမေ့နိုင်ဘူး မင်းအရိပ်များနဲ့ အိမ်မှာအရင်လိုကျန်ရစ်ခဲ့
တွေဝေနေဦးမလား မင်းအိမ်ပြန်ခဲ့တော့ (ဟေး တစ်ခေါက်လောက်ပြန်ခဲ့)

ဟိုမှာ အပြောင်းအလဲတွေနဲ့ မင်းပျော်နေပြီလား အားလုံးနဲ့မင်းခွဲပြီးတော့
ဒီမှာမင်းရဲ့အကြောင်းတွေပြောကြရုံနဲ့ အမေ့လွမ်းမျက်ရည်များ
ဝေးပြီးကတည်းက တွေ့ဖို့မလွယ် အခုတို့အိမ်လေးမှာ တွေ့ကြမယ်
ငါ့တို့ရဲ့မိသားစုကမ္ဘာလေးထဲ မင်းရောက်အောင် ပြေးလို့ပြန်ခဲ့တော့

မင်းနဲ့တွေ့ချင်လို့ ဟိုမှာမပျော်တဲ့ခဏ
အိမ်ကိုပြန်ခဲ့တော့ အတူတူပြန်ဆုံနိုင်အောင်ကြိုးစား
မမေ့နိုင်ဘူး မင်းအရိပ်များလည်း တို့တွေနဲ့ရှိနေဆဲ
တွေဝေနေဦးမလား မင်းအိမ်ပြန်ခဲ့တော့
မင်းနဲ့တွေ့ချင်လို့ မင်းအိမ်ပြန်ခဲ့တော့

7:37 PM 4/22/2013

 လေးဖြူ

No comments:

Post a Comment