Tuesday, April 23, 2013

ရှမ်းရိုးမကအိုးစည်သံ

ရေး -
ဆို - စိုင်းထီးဆိုင်

ရှမ်းရိုးမကအိုးစည်သံ ဘေဘေထုံးလို့ညံ
ကကြိုးကဟန်ကိန္နရာအမှန် တိုးနရားဘယ်ညာယိုင် ဓလေ့ထုံးစံပင်မူသဏ္ဍန်
ဘဝင်နှလုံးရွင်ပြုံးပျော်မဆုံးကြတာအမှန်
ရှမ်းရိုးမကအိုးစည်သံ ဘေဘေထုံးလို့ညံ
ကကြိုးကဟန်ကိန္နရာအမှန် တိုးနရားဘယ်ညာယိုင် ဓလေ့ထုံးစံပင်မူသဏ္ဍန်
ဘဝင်နှလုံးရွင်ပြုံးပျော်မဆုံးကြတာအမှန်
ဘေထုံညံ အိုးစည်သံ ရှမ်းမလေးများကနေဟန်
အိုးစည်သံဘေထုံညံ ဓားဒုတ်သိုင်းနဲ့ရွှေရောင်အလံ လွယ်ပလိုင်းတွေကိုယ်စီမကျန် တောင်တန်းပေါ်
ကတို့ရှမ်းပွဲတော်သဏ္ဍန်
မှိုင်းပြပြနဲ့တောတောင်ယံရေတံခွန်စီးကျသံ
ကောက်ညှင်းရှမ်းဆန် လိမ္မော်ခြံ ဘိုးဘွားမြေယာ
အမှန် အလှမျိုးတွေစုံအောင်ဖန် တောင်တန်းပေါ်ကတို့ရှမ်းပွဲတော်သဏ္ဍန်
ဘေထုံညံ အိုးစည်သံ ရှမ်းမလေးများကနေဟန်
အိုးစည်သံဘေထုံညံ ဓားဒုတ်သိုင်းနဲ့ရွှေရောင်အလံ လွယ်ပလိုင်းတွေကိုယ်စီမကျန် တောင်တန်းပေါ်
ကတို့ရှမ်းပွဲတော်သဏ္ဍန်
ဓလေ့ထုံးစံပင်မူသဏ္ဍန်
ဘဝင်နှလုံးရွင်ပြုံးပျော်မဆုံးကြတာအမှန်
အလှမျိုးတွေစုံအောင်ဖန်တောင်တန်းပေါ် ကတို့ရှမ်းပွဲတော်သဏ္ဍန်
လွယ်ပလိုင်းတွေကိုယ်စီမကျန် တောင်တန်းပေါ်
ကတို့ရှမ်းပွဲတော်သဏ္ဍန်
ဓလေ့ထုံးစံပင်မူသဏ္ဍန်
ဘဝင်နှလုံးရွင်ပြုံးပျော်မဆုံးကြတာအမှန်

1:20 AM 4/24/2013

စိုင်းထီးဆိုင်

mmlyric.blogspot.com

No comments:

Post a Comment