Monday, April 1, 2013

ကျွန်တော်တင်တဲ့ရွှေမင်းသမီး

ရေး - ဂီတစာဆိုကိုဝင်းစိုး ဆို - လွှမ်းမိုး မဟာစင်မှာ ကျွန်တော်တင်ကာပေးရပါတဲ့ မင်းသမီးရေ မင်းသမီးရေ အလှပြုပြင်ပေးရပါတဲ့ ဥယာဉ်မှုးဘဝအခြေ သူ့အတွက်ဆိုရင်လေ အသွေးတွေ အသားတွေ ချယ်မှုံးလို့လဲသုံးချင်သုံးအုံး ပေးဝံ့ပါတယ်လေ ကြင်နာယုယ ပန်းအလှနှယ် အရိပ် ကြည့်ကာကိုယ်မှာစေတနာဝေဖြာနေ ရွေရင်သိမ်းသစ် ပျိုမြစ်နုနယ် မြကြိုးသွယ်ရေ နှလုံးသွေးပေးလို့ လှပပွင့်ဖူးကိုယ်ပျိုးသည့်ပန်း မနွမ်းစေချင်ဘူးလေ အရခူးမယ်လို့လဲ အသဲကမရည်ရွယ်ပေ နေခြည်ဝံ့သော်မှ ကာမိုးပါ့မယ်အမြဲ အသဲမှအစဉ်သာလေကာမိုးနတ်မယ်အလှနှယ် မင်းသမီးလေးလှနိုင်ပါစေ ထင်ပေါ်ရင် စင်တော်ကောက်ပြီ သူ့အခြေသစ် မရောက်ခင်ဝါးကူသလိုပင် ကိုယ့်ကိုပစ်ခွာသွား စိတ်မြင့်မားကာ သူ့အခြေ ဘဝမေ့တတ်သူပါလေ သင်ဆရာ မြင်ဆရာ မမေ့တန်ကောင်းဘူးကွယ် မမေ့ကောင်းဘူးကွယ် ရွှေမင်းသမီးရယ် ကိုယ်ကခွင့်လွတ်ခြင်းနဲ့ ထာဝစဉ်ရပ်တည်မယ်လေ မင်းသိစေချင်သောအခြေဘဝဆိုတာ ကွေ့ကောက်ခြင်းများပေ တစ်ရွာဝင်တစ်ရွာထွက်ပါလို့တစ်ကိုယ်ထဲလျှောက်လာရသူအခြ ရွက်ကြွေတောဝယ်မောပန်းလျှောက်လာသောခဏ အပန်းဖြေရန် စမ်းရေအိုင်နားမှာ ထိုင်ကာအပန်းဖြေ စောင်းသံကိုညှင်း သူ့ကို သတိရနေတယ်လေ နှောင်းအတိတ်ကရွှေမင်းသမီးရေ သည်လိုကပါ သည်လိုဆိုပါလို့ သည်လိုပြောပါလားကွယ် သင်ကခင်ရှာတဲ့ စောင်းသမားတစ်ယောက်ကိုလေ သတိမရရင်နေပါစေတော့ ရွှေမင်းသမီးရေဘဝလမ်းချမ်းမြေ့ပါစေ

No comments:

Post a Comment