Monday, April 1, 2013

အုန်းစက်ပါ ဘုန်းလက်ကျာဝယ်

ရေး - ကိုရဲအောင်
ဆို - လွှမ်းမိုး


မှုန်ပြာပြာ အုံကာခြုံကာလေဘုံမှာ ထုံစွာပဒုံမာကေခိုင်လွှာ သင်းလှိုင်မက်ဖွယ်
ဆင်းလှိုင်ယှက်နွယ် နှင်းစိုင်ခက်ခြယ် မင်းအိုင်ထက်ဝယ် နုဆုံးလေ ကေသာဝေဘာ
ရွှေကြာ ရွှေကြာ အိုင်ဖုံးနှင်းစိုင်ခက်ချယ် ဖြူပြာသွယ်မူယာကြွယ် မူယာကြွယ်  ဖြူပြာသွယ် နှုန်းလေထင်ပေါ် ယှဉ်တော်မူ  ပြောင်ရွှင်းမှောင်ထွန်း တောင်စွန်းအငူ တောများရပ် မြိုင်ညိုညို
မောသလားကွယ် ဂနိုင်မှာခို အို ကိုနှုန်းလျော့မယ် ကြော့ဆုံးရယ် ကြော့ကြော့ဆုံးရယ်
နားလေဦးစို့ကွယ် ရစ်သိုင်းခြုံနှယ် ဒီမြိုင်ခြေရှေ့ကိုလှမ်းရင်ကွယ်
သြော်  ရွှေပြည်ကြီးကိုဖြင့် အထင်ကရပင် မြင်ရပါစေမယ်


ကေသီနွယ် အုံစက်ပါ ဘုန်းလက်ျာရုံးထက်ဝယ် ဒီမြိုင်တောင်ခြေတတန်း မောင်ထမ်းခေါ်မယ်
အမော အမောအပန်းဖြေ စို့ကွယ်
ချွေးသိပ်စေဖွယ် အိပ်ပါအိပ်ပါ စမ်းဘုန်းသက်ပိုင် ခိုင်ညှာနွဲ့ရမယ်မြိုင်ခြေဂနိုင်တွေ
ထပ်ရှာလွန်းတယ် ဆိုင်မလေ မြိုင်ခြေ ပတ်ပာဝန်းကျယ်လှိုင်ဝေ လှိုင်မြေရနံ့
ထုံသင်းတယ် ရဂုံအတွင်းဝယ် တရေးရေး မှေးစက်ကွယ်

No comments:

Post a Comment