ရေး - တွံတေးသိန်းတန်
ဆို - လွှမ်းမိုး
ချစ်သူရှိရာသည်ဌာနဆီသို့ မှန်းဆတမ်းတပါသော်လည်း
တစ်ခါတစ်ခေါက်ဖြင့် မလာရောက်ဝံ့သူပါကွယ် နှစ်ကူးလည်၍ နေ့နှင့်ရက်ပြောင်း
လညောင်းကူးတာ ကြည်သာရွင်ပြ ချစ်သူမျက်နှာလှလှပပ မြတ်နိုးလှတယ်
တမေခင်ကိုမကြင်ဝံ့ပူဗျာကြွယ်
မြတ်မျိုးမြင့်မှန် ကြင်ပေတန်၍ ရွယ်ရန်ရည်ရင့်ဆင်တိုင်းတင့်သူရယ်
ဒေဝစ္ဆရာနတ်မယ်လှနယ် လှခေါင်ဝင်းထွတ် ပြစ်မျိုးလွတ်ကင်းဆင်းအင်းလက္ခဏာ ပြည့်စုံရှာတယ်
အချစ်ဦးသူမပြစ်ဘူးအတူ စိတ်ကရည်စူးမိသော်လည်း ဂုဏ်တံတိုင်းကာ ခြားချုံသိုင်းကာထား
သံကွန်ချာ ခုနှစ်ဆင့်မှာမှ အသွင်တင့်သူလှခေါင်မှုးရယ် မကြင်ဝံ့သူပါမောင် ရူးရှာမယ်
ခုတော့ဖြင့် မနေသာ တပြေတစ်ရွာကို သွေခွာလို့ပြေးခဲ့ပြီကွယ်
မကြင်နာလို့တော့ဟုတ်ပါဘူး မယှဉ်သာလို့ ဟုတ်လာသူတစ်ဦးဘဝမယ် ချစ်သူရှိရာမလာဝံ့ဝံ့ဗျာသင့်လှိုင်ပူကြွယ်
စိန္တေမြတ်ထံ ဆုပန်သ အခုတစ်ဖန်ဘဝ မဆုံရသည်ရှိသော် နောင်တမလွန်ဘဝဆက်တိုင်း
ချစ်ရသူနဲ့ ချစ်တိုင်းညားရ ပါစေတကယ် ဂုဏ်တံတိုင်းငွေတံတိုင်း တံတိုင်းထပ် ကာထား
ပိုင်းဖြတ်ကာသွားနိုင်တဲ့ကိုယ် ဖြစ်ရပါလိုကြောင်းဆုတောင်းမိတယ်
မယှဉ်ဝံ့သူအဖြစ်များရယ်ကြောင့် ဒီဘဝအတွက်တော့နှမလက်လျော့နေလေဦးတော့ကွယ်

No comments:
Post a Comment