Monday, April 1, 2013

ဆယ်မိုးဆယ်နွေ

ရေး - ကိုလေးညွန့်
ဆို - လွှမ်းမိုး


ဆိုကြပါစို့ ခွဲရသည်က တစ်ညတာ ကိုယ့်အဘို့တော့ တစ်ဘဝ တစ်ကမ္ဘာ
ရွှေဝါမြေမှာကြဲတော့ အဖြေရှာအခြေခွဲပေါ့ မောင်နဲ့မေလွဲရ ဂဟေဖူးစာအကြောင်းထူး
တပေါင်းလေရူးမြူဆော့သောအခါ မျက်ပြူးဆန်ပြာရိုးတံညှာတို့မိုးသို့ထောင် တိုးလို့တောင်ကြောက်စရာ
ရွက်ဝါသူတို့မငဲ့ညှာ စွန့်ခွာသွားထားခဲ့သည်သာ ဘွာခတ်ကာ ငြင်းပေမဲ့တင်းမာပြင်းထန်လို့သာ
လျှပ်စစ်နယ်ပျိုး ရပ်ရှစ်နယ်စိုးထစ်ချုံးရိုက်ခတ်ညစာစာ မိုးတောင် ညိုမဲလေသောအခါ သူခွဲလေသလား
တစ်စမျက်ရည်ဝဲတော့တာ
ခရေဖွေးဖွေး ငွေကြယ်လေးပမာ မြေမှာပြန့်ကျဲဖွဲဖွဲ နှင်းမှုန်ဝေးဝေး ကြည့်ကာ
မမွှေး၏သို့သာ သည်ဆောင်းဟေမာန်စမ်းရေပြာ နှင့်စရိုက်လည်းညီ အလိုက်လည်းညီ
အမှီဖွဲ့ ဒီတသက်ဆက်ဆက် မခွဲခွာ ခေါ်သူရယ်များမျှော်သူငယ်အား လှောင်လှောင်လေသလား
ချမ်းဆောင်းရက်တွေ ရှည်ရှည်လှစွာ ရွှေအားငယ်လှ မကြံသာ
ချစ်သူရွယ်ကိုးလှစ် ကြူဆွယ်နိုး ဆယ်မိုးဆယ်နွေ မျှော်လေလေ ဝေးသည့်သာ

No comments:

Post a Comment