Friday, April 12, 2013

အသက်မဲ့စိမ်းလန်းခြင်း


ရေး - ရွှေဂျော်ဂျော်
ဆို - ဇော်ဝင်းထွဋ်

ဟေး ရှေ့ဆက်ပြီး ငါ့ဘယ်သွားမလဲ မေးခွန်းတွေက
ရောက်ခဲ့ စိမ်းလန်းတဲ့ကမ္ဘာကြီးရဲ့ တောနဲ့တောင်ကြား
ဘဝရဲ့စိမ်းစိုလန်းတဲ့ ကမ္ဘာကြီးလည်း အသက်မဲ့လို့သွား
မရေရာတိမ် လေနှင်ရာ မျောလွင့်လိုက်လို့သွား
မင်းမရှိခဲ့ချိန် အသည်းထဲက အထိနာ
ငါ့ရင်ခွင် ဝေဒနာပင် မင်းပျိုးခဲ့လေသလား
စိမ်းလန်းလို့လေ နာကျင်ဆဲ ဗလာရင်ခွင် အိမ်ပြန်ချိန်
ငါ့လက်ထဲက လွတ်ကျသွား ဟင် အချစ်ဟာ အခိုးအငွေ့လား
ဟူး သိပ်မျှော်လင့်နေသမျှ ဘယ်မလဲကလေးရေ
ငါ့ကမ္ဘာထဲကို တစ်ခေါက်ပြန်သွား စိမ်းစိုလန်းနေတဲ့ ကမ္ဘာအားငေးကြည့်ရင်းနဲ့
အသည်းအိမ်က နောက်ဆုံး ရှင်သန်ဦးမလား

ဟေး ရှေ့ဆက်ပြီး ငါ့ဘယ်သွားမလဲ မေးခွန်းတွေက
ရောက်ခဲ့ စိမ်းလန်းတဲ့ကမ္ဘာကြီးရဲ့ တောနဲ့တောင်ကြား
အား ငါ့ခြေလှမ်းတွေနောက်ဆုံးအထိ မင်းမရှိတဲ့အချိန်မှာ
ဘဝရဲ့စိမ်းစိုလန်းတဲ့ ကမ္ဘာကြီးလည်း အသက်မဲ့လို့သွား
မရေရာတိမ်လေနှင်ရာ မျောလွင့်လိုက်လို့သွား
မင်းမရှိခဲ့ချိန် အသည်းထဲကအထိနာ ငါ့ရင်ခွင် ဝေဒနာပင် မင်းပျိုးခဲ့လေသလား

ငါ့ရင်ခွင် ဝေဒနာပင် မင်းပျိုးခဲ့လေသလား
စိမ်းလန်းလို့လေ နာကျင်ဆဲ ဗလာရင်ခွင် အိမ်ပြန်ချိန်
ငါ့လက်ထဲက လွတ်ကျသွား ဟင် အချစ်ဟာ အခိုးအငွေ့လား
ဟူး သိပ်မျှော်လင့်နေသမျှ ဘယ်မလဲကလေးရေ
ငါ့ကမ္ဘာထဲကို တစ်ခေါက်ပြန်သွား စိမ်းစိုလန်းနေတဲ့ ကမ္ဘာအားငေးကြည့်ရင်းနဲ့
အသည်းအိမ်က ဘယ်မလဲကလေးရေ

8:55 PM 4/9/2013

No comments:

Post a Comment