Thursday, April 18, 2013

ရပ်စောင့်

ရေး - မောင်မောင်ဇော်လတ်
ဆို - မောင်မောင်ဇော်လတ်

ဒီလိုပါ မနက်ဖက်မိုးလင်းလည်း ရေချိုးခန်းလုကြတယ်
အရွယ်စုံလူကုန်ထဲ ရပ်စောင့်တာ ၁ နာရီကြာပါတယ်
ပြီးတဲ့နောက် လိုင်းကားစီးဖို့အတွက် တိုးဝှေ့လို့ မိုးတိုးမတ်တပ်နဲ့
၁ နာရီသာသာလောက် ထပ်ရပ်စောင့်ရတယ်
နေရာတစ်ကာ တစ်ခုမှမလုပ်လိုက်နဲ့
အမြဲရပ်စောင့်ရတယ်
နက္ခတ်မှာ ဘယ်ဂြိုဟ်ဝင်နေလဲ
အများနဲ့မတူ ကျွန်တော်ဟာ တစ်ယောက်တည်း
အပေါင်းအသင်းနဲ့ မိုးချုပ်တဲ့ညဖက်
မီးပိတ်လို့သော့ခတ်ထားတော့လည်း
အိမ်ကိုပြန်ဝင်ဖို့ ရပ်စောင့်ရတယ်
ဘာမဆိုရပ်စောင့်ရတယ် ကျွန်တော့်ရဲ့ဘဝကကွယ်
တကယ်ကိုရပ်စောင့်ရတယ် လမ်းဖြတ်ကူးလည်းပဲ
ကျွန်တော်တစ်ယောက်တည်း ရပ်စောင့်တယ် အားလုံးရဲ့နောက်ဝယ်
ပျော်ပျော်ကြီးရပ်စောင့်တယ် ရည်းစားထားဖို့အတွက်
သက္ကရာဇ်များ ပြောင်းသွားလည်း ကျွန်တော်ကတော့ဖြင့် ရပ်စောင့်ဆဲ
သက္ကရာဇ်များ ပြောင်းသွားလည်း ကျွန်တော်ကတော့ဖြင့် ရပ်စောင့်ဆဲ
1:43 AM 4/19/2013

No comments:

Post a Comment