Friday, April 12, 2013

ဓါးသန်လျက်နှင့် ပျားရည်စက်

ရေး -
ဆို - ဇော်ဝင်းထွဋ်

မနုဿမိစ္ဆာတစ်ယောက်ငါပဲ မိုးကြိုးသွားလက်ရုံးတစ်ထောင်နဲ့
ငါ့အတ္တကိုထိလာခိုက် အကုန်သွင်းပစ်လိုက်မက် မီးလောင်တိုက်
ရန်သူတွေဓါးသန်လျက် ကြင်နာသူအပေါ်ပျားရည်စက်
ရန်သူတွေဓါးသန်လျက် ကြင်နာသူပေါ်သကာပျားစက်

အတ္တရမ္မက်မွှေးတဲ့မီး အချစ်နဲ့စစ်မှာ မတရားတာမရှိ
ထီးဆောင်းမင်း တစ်ရာ့တစ်ပါးနဲ့လည်း စစ်မက်ခင်းမယ် မင်းအတွက်ပဲ
ရန်သူတွေဓါးသန်လျက် ကြင်နာသူအပေါ်ပျားရည်တစ်စက်
ရန်သူတွေဓါးသန်လျက် ကြင်နာသူပေါ်သကာပျားတစ်စက်

အသည်းများလမ်းခင်း ပွဲများကြမ်းရင်း
စွန့်စားလိုက်ပါရစေ မင်းအတွက်အချစ်ရေ
ဓါးနဲ့ဓါးချင်း တရားနဲ့တရားချင်း စွန့်စားလိုက်ပါရစေ
မင်းအတွက် အချစ်ရေ

ကြမ်းတမ်းတဲ့ကိုယ့်စရိုက်တွေထဲ နူးညံ့တဲ့အချစ်တွေရှိနေခဲ့
အရိုင်းအစိုင်းတစ်ယောက်လို့အများမြင်လည်း မင်းသဘောပေါက်ရင် ပြီးတာပဲ

ရန်သူတွေဓါးသန်လျက် ကြင်နာသူအပေါ်ပျားရည်တစ်စက်
ရန်သူတွေဓါးသန်လျက် ကြင်နာသူပေါ်သကာပျားတစ်စက်

8:39 PM 4/9/2013

No comments:

Post a Comment