Monday, April 1, 2013

တို့ပြန်တွေ့မယ့်အချိန်


ရေး - နိုင်းနိုင်
ဆို - လေးဖြူ

တို့နေ့စွဲခြေရာများ လည်ပြန်ကြည့်ကာ လွမ်းဆွတ်ဆဲ
ရွှေရောင်ပါးပြင်နားခိုခဲ့ဖူး ပိုင်ဆိုင်ချင်လည်း စွန့်လွှတ်ခဲ့

ငါ့မျက်လုံးပေါ်ခိုနား ဒဏ်ရာမိုးတိမ်တိုက်တွေလား
ကြယ်ကြွေကောင်းကင် ငါ့ ရင်ခွင်ထဲ
နင်ယူလာတဲ့  အချစ်လက်ဆောင် ဟေ့

ထားခဲ့တော့ မင်းရေးတဲ့(ဒီ) အသည်းကွဲပုံပြင်လေး
မင်အချစ်မှာ ငါဟာ ရှုံးနိမ့်ခဲ့သူပါ
မင်းရေ့မှာ ဒူးထောက်ရဆဲ

ရင်ခွင်မှာ ရေဆာသလို ဆာလောင်နေတယ်မင်းရဲ့အချစ့်တွေ
ဟိုအရင်လို အချိန်တွေကိုပြန်လိုချင်တယ်
မင်းရဲ့အချစ်တွေပေးလိုက်

ငါ့အချိန်များကို လာခိုး မှော်ဝင်အနမ်းတွေနဲ့ ညို့ ယူဦး
ဒီချစ်ခြင်းမှာ တစစီပြိုကွဲ ကယ်သူမဲ့ သော နေ့ ရက်တို့ 

တို့ ပြန်တွေ့ မယ့် အချိန်လေးငါမျော်လင့် ကာ စောင့် နေဆဲ
ရင်ခွင်ဟောင်းကို မင်းပြန်လာခဲ့ ယူဆောင်လာခဲ့ အနမ်းသစ်တို့

ယုံကြည်မျှော်လင့်ထားတဲ့ မင်းချစ်တွေနဲ့
ငါပြန်တွေ့ဖို့ စောင့်နေရဆဲ ဒီဇတ်လမ်းလေး ပြီးဆုံးလိုက်
လာပါ ပျော်ရွှင်ခြင်းရဲ့ နေ့ရက်လေးတွေပေးလိုက်

 လေးဖြူ

No comments:

Post a Comment