Monday, April 1, 2013

သီချင်းမဲ့ဂစ်တာ


ရေး -
ဆို - ဝိုင်ဝိုင်း

သတိရတဲ့ကိုယ့်ရဲ့စိတ်ကိုနှစ်သိမ့်ဖို့ရာ
ခဏလေးမေ့ချင်နေတာ ဘာမှမတတ်နိုင်ပါလား
သီချင်းလေးတစ်ပုဒ်တီးကြည့်ဖို့ ကိုယ်ကြိုးစားတဲ့အခါ
တစ်ယောက်တည်းမပြည့်စုံနိုင်တာ သူတော့မသိနိုင်ပါလား

အမြဲတမ်းပဲတို့နှစ်ယောက်တွေ့ဆုံ ဒီအချိန်လေးတိုင်း
အချစ်သီချင်းလေးမင်းကညည်းဆို ဂီတာတီးတိုင်း
ကြည်နူးစရာအကောင်းဆုံးသီချင်းလေးတွေ လွင့်ပျံခဲ့ချိန်များ
ပြန်ရနိုင်ခွင့် မရှိတော့ပြီလား…

ဘယ်ဆီကိုလွင့်ပျောက်ပြီလဲ
ကာရံညီသီချင်းလေးတွေလဲ
သီဆိုသူ မင်းမရှိတော့တဲ့ ဒီလိုအချိန်မျိုးမှာ
အသက်မဲ့တဲ့ အထီးကျန်ဂီတာ
အခန်းထဲမှာ လဲပြိုနေတာ
မင်းသီချင်းလေး မရှိတော့တဲ့အခါ
ပေါင်းစပ်လို့မရတော့ဘူးကွာ/
ကိုယ့်ဘ၀က အထီးကျန်ဂီတာ

သီချင်းလေးများကိုယ့်ဘ၀ထဲမှာ မရှိတော့ဘူးကွာ
ထာဝရပျောက်ကွယ်ပြီလေ အချစ်ဆုံးမင်းပြန်ယူသွား
မင်းနှုတ်ခမ်းကလှပတဲ့ အချစ်သီချင်းလေးများစွာ
မျှော်လင့်မနက်ဖြန်တွေမှာ ဆုတောင်းမပြည့်နိုင်ပါလား

7:29 PM 3/23/2013

No comments:

Post a Comment