Monday, April 1, 2013

ကြိုးမဲ့စွန်


ရေး -
ဆို - ဝိုင်ဝိုင်း

ကန်ရေပြင်ကို ကြည့်ငေးရင်း
ဒဏ်ရာတွေကို ရေတွက်နေ
ကိုယ်စီကိုယ်စီ စိတ်ကူးထဲ
ဒီအလွမ်းတွေ ဘယ်လိုရင်ဆိုင်ရမှာလဲ
အတူထိုင်နေပေမယ့်
ပင်လယ်ပြင်တွေ ကွာဝေးဆဲ
အို ဘယ်လိုဟန်ဆောင်လည်း
လမ်းခွဲချိန် နှုတ်ဆက်အနမ်းတွေ အေးစက်တယ်..

မျှော်လင့်ခြင်းတွေရယ် ယုံကြည်ခြင်းတွေရယ်
တိမ်စိုင်များလို လေနှင်ရာပြိုကွဲတယ်
အိမ်မက်များစွာရယ် ပျော်ရွှင်ခြင်းတွေရယ်
မြူမှုန်များလို နေရောင်မှာ ပြယ်လွင့်တယ်..
တိမ်တွေဆီကို ပျံကာဝဲနေ
တို့ရဲ့ရောင်စုံအိမ်မက် စက္ကူစွန်ငယ်
အတူပျော်ရွှင် ပျံနေဆဲမှာ
အချစ်ကြိုးတွေ ပြတ်သွားတယ်..

လေနှင်တဲ့ဆီပြေး.. ဝေးပြီကမ္ဘာတစ်ဖက်စီ
အိုး ရက်စက်လွန်းတဲ့ ဘ၀ကံတရားရယ်..
လေနှင်တဲ့ဆီပြေး ကွဲပြီ တို့အသည်းတွေ
မျောလွင့်နေ.. ကြိုးမဲ့စွန်ကလေးများရယ်..

ကံကြမ္မာကို မမြင်သေးတော့
တစ်ချိန်မှာ ပျော်ရွှင်ခဲ့ဖူးတယ်
ကြင်နာသူရဲ့ လက်များရယ်..
ဒီအတိုင်းသာ ခိုင်မာနေဦးမှာပဲ
ဒီလိုထင်ပေမယ့် ဒဏ္ဍာရီသာ ဖြစ်သွားခဲ့
ဒဏ်ရာတွေကိုယ်စီနဲ့
တို့လက်တွေ နှုတ်ဆက်ခွဲခွာ ဝေးခဲ့တယ်

7:28 PM 3/23/2013

No comments:

Post a Comment