Monday, April 1, 2013

မေတ္တာရေစုန်မျောခဲ့သူ

ရေး -
ဆို - ဆိုင်းထီးဆိုင်

ငုံချိန်ကိုမှီခဲ့သလို ကြွေချိန်ကိုမှီခဲ့ပြီ အိုဘယ့် မနှင်းဆီရယ်
အရောင်ပြယ်ပြီးရနံ့လေး ကွယ်ကာပျောက်သွားလည်း ဆူးဒဏ်ကနာကောင်းတုန်းပဲ ရင်မှာပေါက်ပွားစ မလယ်မဝယ်အချစ်ကလေးနဲ့ ဘဝဒုက္ခမမြင်တမြင်အရွယ်
လာချင်ရင် လွယ်ပြီး ပြန်ချင်တော့ ခက်တဲ့ မေတ္တာရေစုန်မျောခဲ့တယ်

ဘယ်သူတွေ ဘာပြောပြော ကိုယ်ထင်ရာကိုယ်လုပ်မယ်  အိုဘယ် မနှင်းဆီရယ်
နင်ကပဲလှသလား ငါကပဲအသလား ယခုတိုင်အောင် အဖြေမသိသေးတယ်
ရင်မှာလေ ဟုန်းခနဲ အရှိန်အဟုန်နဲ့  တောက်တဲ့ကောက်ရိုးမီးချစ်သူနဲ့ ပျော်ရင်
အရယ်လွယ်ပြီးငိုရင်  အရှိုက်ခက်တဲ့ မေတ္တာရေစုန်မျောခဲ့တယ်

တခါတလေကိုယ်  အသာရဖို့ ဘယ်နှခါ အနာခံရမလဲ  အို ဘယ်မနှင်းဆီရယ်
နွေနေ့ ခင်း လမင်းမသာနိုင်တဲ့ အချင်းအရာ အချစ်ရယ်ညာလို့  မရဘူးကွယ်
မကြုံလို့ မသိသေးတဲ့ မမြင်လို့ မကြောက်တက်တဲ့မျက်ကန်းနဲ့ အချစ်တစ္ဆေနှယ်
ယူချိန်မှာလွယ်ပြီး  လျှော်ချိန်ကျ ခက်တဲ့မေတ္တာ ရေစုန်မျောခဲ့တယ်

No comments:

Post a Comment