Monday, April 1, 2013

မင်းလေးနားလည်

ရေး - စစ်ဟိန်း
ဆို - ထူးအယ်လင်း


မင်းလေးရဲ့အကြောင်းမသိဘဲနဲ့ချစ်လိုက်မိပြီ သူများတွေထက်ထူးလို့မင်းလေးငါ့ကိုညှို့ယူ
စွဲမက်ဖွယ်ကောင်းတယ် ခြေလှမ်းလေးလည်းလှတယ်
ငါ့မှာတော့ရှုး မင်းလေးအလှမှာမူး  မူး  မူး
နေ့သစ်များနင်ဖန်ဆင်းပေးမလား သိပ်ပိချင်တယ် နတ်ပန်းချီရှုံးလို့ ဒီအပြုံးလေးများ
ငါ့ကိုအဖမ်းစားဆုံး  စိတ်မဝင်သားဘူးဘယ်မိန်းကလေးမှလည်းမကြည့်ချင်  မင်းတစ်ယောက်ကိုပဲငါရှုးတော့မယ်

မင်းလေးနားလည် အကြင်နာငါ့ချစ်ခြင်းများ လှိုင်းများထနေတယ်ရင်ခွင်ကိုမင်းမြင်ရဲ့လား
ပြန်ပြီးရချင်တယ် မင်းရဲ့အချစ်များဖြစ်နိုင်မလား

မျက်နှာများလည်းကိုကတော့ချစ်မယ်   မသိချင်ဘူးမင်းရည်းစားတွေဘယ်လောက်ရှိရှိ
(ငါ)အရိပ်လိုအမြဲပဲ  မင်းဘေးနားမှာငါရှိချင်တယ် အတွေးတွေနဲ့ရှုးမင်းရဲ့အပြုံးမှာ မူး  မူး  မူး
နေ့သစ်များနင်ဖန်ဆင်းမလား သိပ်သိချင်တယ်မျက်နှာဝိုင်းလေး အူး ချစ်လိုက်ရတာအရမ်းပဲ
င့ါအနာဂတ်များလိုအပ်ရင်မင်းလေးယူ သိပ်ချစ်နေလို့ရှုးတော့မယ်

မှော်လိုဖမ်းစားငါ့ရဲ့အသည်းကိုယူဆောင်သွားသံပတ်များအလား မင်းနဲ့တွေ့မှနိုးထလာ
ရင်ခုံခြင်းင့ါရဲ့ကောင်းကင်ဟာနင်ပဲ ထွန်းလင်းခဲ့ပြီမီးလေး

1:47 AM 4/10/2013

No comments:

Post a Comment