Monday, April 1, 2013

နောင်တရဲ့အသိ

ရေး - နိုင်းနိုင်
ဆို - လေးဖြူ

တိမ်ပြေးခြေရာ နေ့ ရက်တို့ ညှို့ စားထားခဲ့ 
မင်းမျက်ရေနဲ့ အိမ်ပြန်လမ်းတွေ တွန့် ခေါက်ဆဲ
ဒီတောင်တန်းတွေ ခြားသွားခဲ့ တယ်
အိမ်မက်တွေလည်းဆိုးညများထဲ ကယ်လှည့် ပါ
မင်းရဲ့ အချစ်တို့ နဲ့ 
ငါကြေကွဲစွာတမ်းတ ဖြတ်သန်းဆဲ ရင်ဝေးငှက်ကလေး
အဆုံးအစမဲ့ညတို့ ဟာပြိုကျခဲ့
အသက်မဲ့တဲ့မင်းအရိပ်တွေကြား
ထိတ်လန့် စွာပြေးထွက်လည်း
ငါပြေးထွက်လို့ မလွတ် နိုင်ဘူး
အလွမ်းနေ့  အခုကစပြီးအဆုံးသတ်စို့ 
အရင်ကလို အချစ်တွေယူဆောင်ကာလာမယ်
နောင်တရဲ့ အသိ တိုက်စားခဲ့ပြီး
အိမ်မက်ဆိုး ငါနိုးထပြီးမင်းပါးပြင်ထက်ကမျက်ရည်
ခြေက်ခန်းချိန်မှာ အနမ်းပွင့်ဖူး ဒီ ပန်းခင်း ငါ့ကိုပေး
ကြမ်းတမ်းသောအချိန်ရဲ့ ခရီးများထဲကန္တာရ နေ့ ရက်များ
ခိုလှုံစရာရင်ခွင်ကို တမ်းတရင်း ငါဟာ မင်းကို တမ်းတရင်း
ပြန်ရှင်သန်စေ အနမ်းများနဲ့ ချစ်ခြင်းကို ပေးလိုက်တော့
ငါ့ကြောင့် ဒဏ်ရာရ နှလုံးသားလေးရယ်ခွင့်လွှတ်ပါတော့
အလွမ်းနေ့ တို့  အခုကစပြီး အဆုံးသတ်စို့ 
ငါလာခဲ့မယ်/ငါပြန်ခဲ့မယ်
ရင်ခုံသံအသေတွေ ငါပွေ့ ပိုက်ရင်း နောင်တရဲ့ အသိ

 လေးဖြူ

No comments:

Post a Comment