Sunday, April 7, 2013

နားနားနား

ရေး - စိုင်းစိုင်းခမ်းလှိုင်
ဆို - စိုင်းစိုင်းခမ်းလှိုင်၊ နန္နစိုင်း

ရင်ခုံသံတွေဆူညံနေလား အနမ်းများနဲ့ ထွေးဖက်လို့ထား
အိမ်ပြန်ချိန် နာရီသံများ နှလုံးသားထဲသော့ခတ်လို့ထား
(နားနားနား)နင်ဘာတွေလိုချင်သလဲကွာ
(နားနားနား)အရာရာကိုယ်ဖြည့်ဆည်းမှာ
ဘာတွေလိုချင်သလဲ ပြောချလိုက်စမ်း အပ်ကစပြီး ဒုံးပျံအထိ
ဘာတွေဘယ်လို မင်းကတောင်းဆို တောင်းဆိုဦး
ငြင်ပယ်ရိုးထုံးစံမရှိ မျိုသိပ်ထားတဲ့ ငါ့အချစ်စိတ်တွေကရင်ဘတ်ထဲကရုန်းကန်ပြီး
ထကြွလွန့်လူးနေခဲ့ပြီး ဘယ်တော့မှပြီးဆုံးရန်မရှိ
အနမ်းမိုးတွေရွာ အရမ်းဆိုးနေလားမင်းကငါ့ကို အဲလိုလွမ်းမိုးနေတာ
မလွှတ်တမ်းငါဖတ်ထားချင်တာ
ငါကအသက်ရူကြပ်လောက်အောင်မြတ်နိုးနေတာ
တီးတိုးစကားတွေခွန်းဖွဲ့ အခုညကနုပျိုလွန်းတယ်
အိမ်ပြန်ဖို့လုံးဝမပြောနဲ့ မင်းအတွက်အချစ်မီးတွေထွန်းမယ်

ဘာတွေလိုချင်နေလဲ ပြောပါကလေးရယ်
အာလာဒင်ရဲ့မီးခွက်စောင့်လိုဖြည့်ဆည်းလို့ပေးမယ်
အနှောက်အယှက်တွေအားလုံးကိုဘေးဖယ်
စိတ်စိတ်စိတ်ရှုပ်စရာဘာမှကိုမတွေးနဲ့ ပစ်ချခဲ့ဖို့စိတ်မကူး
thorly မင်းကနာမည်ကြီးတံဆိပ်တစ်ခု
ဆော်တွေနဲ့လည်းမဒိတ်ပါဘူး
ငါမင်းရဲ့နောက်မှာစောင့်ရှောက်မယ့်အရိပ်တစ်ခု
ရန်ကုန်တစ်မြို့လုံးလျှောက်လည် နှစ်ယောက်တည်းလျှောက်လိမ့်နေမိ
ရင်ဘတ်ထဲမှာ ဝုန်းတိုင်းအုန်းဒိုင်း ရိုလာကိုစတာလိုငြိမ့်နေပြီ
အချစ်တန်ခိုးတွေပြနေပြီ ရင်ခုံသံတွေအပီအပြင်နိုးထနေပြီ
အလီဘာဘာလိုအော်ပြောလိုက်မယ် တံခါးဖွင့်ပေးပါ
"open  pesane " "open  pesane "

(ငါ့သီချင်းက နားနားနား ငါ့သီချင်းနဲ့ ကကက)

No comments:

Post a Comment