Monday, April 8, 2013

အလှစစ်



ရေး  - အင်ဗျဲမ်းလ
ဆို   - Rဇာနည်

ပုလဲလုံးတွေ သီကုံးထားသလို ရယ်ပြသလား
မလုပ်နဲ့  အချစ်ရေ ဒီအတိုင်းပဲ
ကိုယ့်မျက်ဝန်းထဲ လှပါတယ်
ဆည်းလည်းလေးတွေ ထိပွန်းသွားသလို ဆိုတဲ့စကား
မပြောနဲ့ အချစ်ရေ ဒီအတိုင်းပဲ နားထဲ အေးချိုတယ်

လှပါတယ် ဆိုနေမှ ဒီထက်ပို လှချင်သူလေး
ကိုယ်ဟာ မင်းကို လှလို့ ချစ်တာမဟုတ် ချစ်လို့ လှတာပါ
ဟား အချစ်တွေဟာ လှနေတာ

သစ်ရွက်လှုပ်တာ လေတိုက်လို့ ပါ မဆိုချင်ဘူး
ပျားပိတုန်းလေးတွေ ပျံဝဲကြရင်
အနီးမှာ ပန်းခင်းရှိလို့ ပဲ
အလွမ်းသီချင်းလေးတွေ ဆိုညည်းရအောင်
ဖန်လေသလား
ရက်စက်ခဲ့ပါစေ ဒီအတိုင်းပဲ
ကိုယ့်အသည်းထဲ စွဲနေတယ်

No comments:

Post a Comment