Sunday, April 7, 2013

ချစ်တယ်ဟုတ်

ရေး - Bunny Phyo
ဆို - Bunny Phyo

မင်းနဲ့ ရင်းနှီးခွင့်ရတဲ့နေ့ ကစကာ ငါ့ရဲ့ မသိစိတ်ထဲမှာ နေရာယူလို့ သွားတာ အချိန်မှန်ဖုန်းပြောခဲ့တဲ့
နေ့ နဲ့ ညများစွာ ချည်နှောင်တစ်ယောက်နဲ့ တစ်ယောက်နဲ့ သံယောဇဉ်တွေထားကာ နင့်ရဲ့ မျက်ဝန်းထဲ
ကြည့်မိချိန်တိုင်းလည်း ငါတကယ်ကို မနေတတ်ခဲ့ ပြောလိုက်ပါတော့မယ်
ငါ့ရဲ့ အချစ်များလည်း ဒါကြာရင်ရူးလိမ့်မယ်

ဘယ်သူကယုံမှာလဲ ငါတို့ ကသူငယ်ချင်းတဲ့ ဘယ်သူကယုံမှာလဲ မင်းငါ့ကို မချစ်ဘူးတဲ့ ဘယ်အချိန်မှာ ဆုံမှာလဲ
မင်းပေးတဲ့အချစ်များနဲ့ ဘာကြောင့်မို့ အချိန်တွေဆွဲထားမလဲ ?

မလိမ်နဲ့ တော့ နင်စိတ်ထဲကချစ်နေတာ မညာနဲ့ တော့ အမြန်ပြန်ကာချစ်လိုက်ပါ
တကယ်ကို အချိန်တွေအကြာကြီးဆွဲမလို့ လား ငါ့ကိုတကယ်ဆို နင်ရောမချစ်လို့ လား
မသိစိတ်မှာ နင်ချစ်နေသားနဲ့ ဘာလို့ အချိန်ဖြုန်းမလဲ တို့ ရဲ့ နေ့ ရက်များ

မင်းသဘောပါပဲ တရားဝင်ချစ်သူ ဖြစ်မယ့်နေ့ ကို စောင့်ပါ့မယ် (Uh Huh!)
အိပ်မက်ထဲမှာပဲ မင်းပါးလေးကို ငါလေ အနမ်းတွေပေးပါ့မယ် ( mwah!)
မင်းလေးရဲ့ အကြည့်တွေထဲ ရုန်းထွက်လို့ မရနိုင်ခဲ့ ဂရုစိုက်မှုတွေပေးတော့
ပိုလို့ ဆိုးတယ် မင်းလည်းပဲချစ်နေရက် ဘာကြောင့်မို့ ဖုံးကွယ်လဲ လုံးဝနားမလည်ခဲ့

Monday လျှောက်လို့ သွားမယ်အတူ Tuesday ကျတော့ခိုးထွက်သူ
Wednesday မတွေ့ လို့ မဖြစ်ပြန်ဘူး Thursday နင့်ကျူရှင်အောက်မှာ အခု
ငါအရောက် Friday ခဏလောက်မတွေ့ ရင်ရူး Saturday လည်းပဲသိပ်တော့မထူး
Sunday တစ်ပတ်တော့ပြည့်ပြီအခု ဒါတောင်ညတိုင်း ဖုန်းပြောရတာ မဝနိုင်ဘူး

No comments:

Post a Comment