Thursday, April 25, 2013

မျှော်လင့်ခြင်းကွင်းပြင်


ရေး - မောင်သစ်မင်း
ဆို - အငဲ

ဒီကွင်းပြင်ကြီးကို တို့ဖြတ်ဖူးတယ်
ဒီမြက်ပင်များပေါ် တို့နှစ်ယောက်အတူ လျှောက်ဖူးတယ်
ဒီကောင်းကင်ကြီးထဲ မိုးတိမ်တွေ အမြဲပျံသန်း
ကြည်နူးစရာဘဝပေါ့ မင်းလေးနဲ့ဟိုတစ်ချိန်က
တို့နှစ်ဦးသား အချစ်ကို တန်ဖိုးထားကြတယ်

ဒီကွင်းပြင်ကြီးဟာ အခုဆို လွမ်းစရာ
ဒီမြက်ပင်စိမ်းတွေ ခြောက်သွေ့ကာ ညိုမွဲနေ
ဒီကောင်းကင်ကြီးလည်း ဟိုးအရင် မလှတော့ဘူး
ရင်ထဲမှာ အဆွေးများ မင်းထားပစ်ကာ ထွက်သွား
တို့နှစ်ဦးသား ဘဝဟာ ကမ္ဘာကြီးခြားထားသလို

တို့မသိနိုင်ဘူး ကံတရားရဲ့အင်အားကို
အဝေးဆုံးချစ်သူတိုင်းပဲ ပြန်နီးဖို့မျှော်လင့်နေ
အချစ်ဆုံးသူတိုင်း အို.. အလွမ်းဆုံး ဘဝရှိမယ်
အချစ်ဟာ ကြည်နူးစရာ လွမ်းစရာတစ်ခါဖြစ်မြဲ

ကိုယ်လေ စောင့်မျှော်နေဆဲပါ မင်းပြန်လာမယ့်နေ့
တကယ်နားလည်မှုနဲ့ မင်းကိုယ့်ထံပြန်မယ့်နေ့
ကြေကွဲစရာများနဲ့ တစ်ခြားနေရာမှာ မင်းပျော်နေမလား
ငါလွမ်းသလို မင်းလည်း အမြဲတမ်းတနေမှာပဲ
မျှော်မဆုံးနိုင်သော ကွင်းပြင် အရင်အတိုင်းလျှောက်ရအောင်

11:33 PM 4/27/2013

No comments:

Post a Comment