Thursday, April 25, 2013

သန်းခေါင်ယံနောက်ကောင်းကင်အောက်


ရေး - ဇဝါ၊ အငဲ
ဆို - အငဲ

နွေ ထင်းရှုးရိပ်တွေ တိတ်ဆိတ်ဆဲ ခရမ်းရင့် ပန်းပင့်တို့ကြွေပြန့်ကျဲ
ခရီးဆုံးလား Oh...ဒီလရိပ်အောက် နင်ရှိတဲ့အခန်း တိမ်မိုးထဲ မျောလိုက်
ငါ့ဝိညာဉ်ရဲ့ဘဝ အခိုးအငွေ့အဖြစ် ရောက်လာခဲ့မှာ

နံရံတွေလှုပ်ခါ ငါဟာမြေပြင်ပေါ် စီးဆင်းလိုက်ချိန်မှာ ညရဲ့ခန်းဆီးတွေ လွင့်ပါနေ စဥ့်ပန်းအိုးများလဲကျငါဝင်လာပြီ

သန်းခေါင်ယံနောက်
ကောင်းကင်အောက်
ဟိုးတုန်းကဘဝတွေ ပြန်ဆန်းသစ်ဖို့ပေါ့
အမှောင်ညတို့ လင်းပြီ အကြင်နာအချစ်တို့ လှိုင်းစီးကြိုလိုက်တော့
စိမ့်စမ်းရေများလိုစီနေသော ငါချစ်တဲ့ မင်းအလှတို့ ပြန်ငေးမော
ရင်မှာဝမ်းနည်းမှုစိတ် ဒီဘဝအထိ ချစ်ဆဲပါ Oh.....ရူးသွပ်ခဲ့မိ
မင်းနှုတ်ခမ်းလေးများဆီ ကွဲရှရစ်သော ငါ့အနမ်းများ ဖန်တီး
ဘယ်လိုထိတွေ့မရတော့ ဟစ်အော်ဆဲမှာ ငါရှင်သန်ချင်တယ်

သန်းခေါင်ယံနောက်
ကောင်းကင်အောက်
အခုညတော့ ကိုယ့်ရင်ထဲ အိပ်စက်စမ်းတော့
ကိုယ်ဟာအမြဲတမ်းပဲ မင်းနဲ့နေခွင့်မရလို့ကြိုလိုက်တော့ Oh....

ကျိန်စာတွေပဲလားငါဟာဒီဘဝမင်း
နဲ့ဝေးရတာ
မဆုံးနိုင်သောချစ်ခြင်းနဲ့မင်းရယ်ငါ Oh....အခုညရဲ့အဆုံးထိ ငါရှင်သန်ချင်တယ်

သန်းခေါင်ယံနောက် ကောင်းကင်အောက်......Hu....
ငါဟာ ထိတွေ့မရသော မဆုံစည်းနိုင် ငါ့အရိပ်တစ်ခုပေါ့ ကြိုလိုက်တော့
Oh..ကောင်းကင်အောက် Hu...Yeah....
ဒီညတော့ ငါ့ရင်မှာအိပ်လိုက်တော့
ံHm...ဟိုတုန်းကဘဝလို ရင်မှာ တိုးဖက်လို့ထားမယ် ကြိုလိုက်တော့
Hm....အိုအားလုံးလွန်မြောက်ရင် ဒီညဟာ ပြီးဆုံးတော့မယ် ကြိုလိုက်တော့

11:09 PM 4/27/2013

No comments:

Post a Comment