Thursday, April 25, 2013

တစ်နေ့စာအလွဲများ


ရေး - ထူးအိမ်သင်
ဆို - ထူးအိမ်သင်

အိပ်ရာထဲကထ နေတိုင်းငါရောက်နေကျ ဆိုင်ထဲ တွေ့နေရတဲ့မျက်နှာများ ဟန်လုပ်ကာပြုံးပြပြီး စိတ်ကမိုးနဲ့မြေကြီး ဒီဖက်ကိုကြွပါမိတ်ဆွေကောင်းကြီးရယ်

အားနာမိတော့ လိုက်လျောခုံလေးကို ဆွဲယူတော့ သူ့ကြွားလုံးထဲငါ မျှောပြီပေါ့ ငါခေါင်းငြိမ့်ရင်း သိပ်အံ့ဩပြလိုက်ရင်း မျက်လုံးပြူးနိုင်ဖို့သာ ကြိုးစားတော့

နည်းနည်းလေးတော့လွဲနေမယ် လွဲလွဲလေးလဲ ကောင်းတာပဲ စိတ်ကျေနပ်ရင် ပြီးတာပဲ နေတတ်ရင် အေးဆေးလေ
နည်းနည်းလေးတော့လွဲနေလည်း လွဲလွဲလေးလည်း ကောင်းတာပဲ စိတ်ကျေနပ်ရင် ပြီးပြီကောင်းတာပဲ လိုအပ်ရင် ရူးလိုက်ဦး

ဒီညနေခင်းတွေရဲ့ မိုးကောင်းကင်ထက် င့ါရဲ့စိတ်ကို လွှင့်တင်လို့ ဟောင်းနေတဲ့စိတ်ကူးတွေ ဆေးရောင်အသစ်ပြန်ထပ်မယ် မေ့လိုက်တယ် အားလုံးကို ကြည်နူးစွာ လျှောက်လို့လာရင်း တုန်ရင်လန့်ဖြန့်လို့သွားခဲ့ ကြိုးလွတ်သွားတဲ့ခွေးဆိုပဲ ပြေးသူပြေးကာ လမ်းပေါ်လဲတဲ့သူလဲကာ ကျားမဟုတ်တာ ကျေးဇူးပါ

နည်းနည်းလေးတော့လွဲနေမယ် လွဲလွဲလေးလဲ ကောင်းပါတယ် စိတ်ကျေနပ်ရင် ပြီးတာပဲ နေတတ်ရင် အေးဆေးလေ
နည်းနည်းလေးတော့လွဲနေလည်း လွဲလွဲလေးလည်း ကောင်းပါတယ် စိတ်ကျေနပ်ရင် ပြီးပြီကောင်းတာပဲ လိုအပ်ရင် ရူးလိုက်ဦး

ရင်ထဲမှာ အတွေးလေးရ သီချင်းထိုင်ရေးဦးမှ လုပ်ပြီ ကြိုးပြတ်သွားတယ် ငါ့ဂစ်တာကို ကဲကွာရှိစေတော့ ဟေ့ စာဖတ်မှာပေါ့ ဟာ သွားပြီ မီးပြတ်သွားခဲ့တော့ ဘာတတ်နိုင်သေးလို့လည်း အိပ်တာအကောင်းဆုံးပဲ ငါ နေ့စဉ်လွဲချော်မှုတွေနဲ့ ငါအိပ်ပျော်သွားမှအေးမှာပဲ မနက်ဖြန်အိပ်ရာထရင် တွေ့မယ် နောက်တစ်နေ့စာ အလွဲများနဲ့

(နည်းနည်းလေးတော့လွဲနေမယ် လွဲလွဲလေးလဲ ကောင်းပါတယ် စိတ်ကျေနပ်ရင် ပြီးတာပဲ နေတတ်ရင် အေးဆေးလေ
နည်းနည်းလေးတော့လွဲနေလည်း လွဲလွဲလေးလည်း ကောင်းပါတယ် စိတ်ကျေနပ်ရင် ပြီးပြီကောင်းတာပဲ လိုအပ်ရင် ရူးလိုက်ဦး)၂

(နည်းနည်းလေးတော့လွဲနေမယ် လွဲလွဲလေးလဲ ကောင်းပါတယ် စိတ်ကျေနပ်ရင် ပြီးတာပဲ နေတတ်ရင် အေးဆေး
နည်းနည်းလေးတော့လွဲတာရှိမယ် လွဲလွဲလေးလည်း ကောင်းတာပဲ
စိတ်ကျေနပ်ရင် ဘဝမှာအကောင်းဆုံးပါ အကောင်းဆုံးလေ)၂
ဟုတ်ရဲ့လားဟေ့ (မား)၅ (ဝို့)၅ စိတ်ကျေနပ်ရင်ပြီးပြီဟေ့ နေတတ်ရင်အေးဆေးလေ (နား)၅ (ရေး)၅ (အို)၅
(မား)၅ (ဝို့) စိတ်ကျေနပ်ရင် ပြီးပြီအားလုံးအတွက် အကောင်းဆုံးပဲ အေးဆေးလေ

10:14 PM 4/25/2013

No comments:

Post a Comment