Thursday, April 25, 2013

လမ်းပြပါဦး


ရေး - သော်ဒီဝေ
ဆို - အငဲ

ညများရယ် မအိပ်စက်နိုင်တယ် တိတ်ဆိတ်စွာရင်မှာခံစားချက်များ
အိပ်မက်တွေ မွန်းကျပ်နေခဲ့ ငါ့စိတ်တွေမျောလွင့်နေတဲ့အခိုက်မှာ
ငါဟာကြေကွဲစွာ ဟစ်ကြွေးသေဆုံးရမလားကူညီပါ ကိုယ့်ချစ်သူလေး
ဘဝရဲ့မျှော်လင့် ရည်မှန်းချက်အနာဂတ်ပြိုလဲ ငါပျောက်ဆုံးသွား
[(လမ်းပြပါဦး)၂ စိတ်ဝိညာဉ်များ
အဖြေမှန်တွေကို တွေ့ရှိလို့ မင်းသိရင်]နင်လမ်းပြပေးပါဦး

နာဖျားခြင်းများမရှိ စိတ်ဓာတ်တွေရဲ့ အမှန်တရားရှိတယ်
ခံစားချက်များ များစွာနဲ့ သီချင်းတစ်ပုဒ်ဆိုရင်းနဲ့ မင်းအတွက်ကွယ်
ရင်မှာလောင်ကျွမ်းကာနေခဲ့ သံသယစိတ်များ မင်းကလေး ကြားသိစေချင်
ညဥ့်ရဲ့ပိတ်ဖုံးနေသော တိမ်တိုက်များမှောင်မည်းငါကျဆုံးမလား
(လမ်းပြပါဦး)၂အေးစက်တဲ့ည ဒီအမှောင်(ချိန်)တွေရဲ့ ထွက်ပေါက်များတွေ့ရှိမယ့်အဝေး နင်/ဒီမှာလမ်းပြပါဦး
ဒီသံသရာ ဝဋ်ကြွေးများ လောင်ကျွမ်းခဲ့ပြီး
ဘယ်ရင်မှာခိုဝင်နား

ညများရယ်မအိပ်စက်နိုင်တယ်
တိတ်ဆိတ်စွာရင်မှာခံစားချက်တွေ

11:58 PM 4/27/2013

No comments:

Post a Comment