Monday, April 29, 2013

မြှား

ရေး - အငဲ

ဆို - အငဲ

ဒီနာရီ ခြေလှမ်းများဟာ နံရံထက်မှာရွေ့နေ
အချိန်လှေငယ် ဟာကမ်းကိုစွန့်ခွာအဝေး
ရိုးအတဲ့ယောက်ျားတစ်ယောက်ရဲ့ ဆုံးရှုံဒခြင်းအချို့လက်ချိုးရေတွက်
မျက်စိမှိတ်လို့  နက်ရှိုင်းစွာ တောင်းဆုခြွေရင်းလေ

ထပ်ပြီးတို့တွေ့ပါရစေကွယ်
ဘယ်လိုများပြီးဆုံးခဲ့ကိုယ်တို့ပုံပြင်လေးရယ်
တစ်ယောက်တည်းငါ့မှာအခု ဒီလျုအဖော်မဲ့ဘဝမှာရူး
လိုတယ်မင်းအချစ် မြှား
ငါ့ကိုစူးစိုက်စေတော့ကွာ /ရင်ကိုခွဲစူးစေသား /ငါ့ကိုစူးစိုက်ပါစေသား
ငါထိုင်ကာစိတ်ထဲပတ်နေ တစ်ချိန်ကစာမျက်နှာ
ဘယ်လိုအပြစ်မျိုး အချစ်မှာ လွန်ကြူးလို့
ဒီတိတ်ဆိတ်ခြင်းကနေ့စဉ်လေ ဘဝကိုညှင်းဆဲသတ်နေတယ်
ငါမျှော်လင့်ခဲ့ မင်းစိတ်ပြောင်းလဲကာ နောက်လှည့်ပြန်မယ့်အချိန်

ယုံကြည်ခြင်းများစွာနဲ့ ပြန်ဆုံမယ် မျှော်လင့်ချက်
ဒီတစ်ခါတို့အတွက် အို     သစ္စာလက်တွဲဖို့
မျက်စိမှိတ်လို့ နက်ရှိုင်းစွာ

ထပ်ပြီးတို့တွေ့ပါရစေကွယ် အချစ်ရယ်ထပ်ပြီးတို့တွေ့ပါရစေကွယ်
အချစ်ရယ် တစ်ယောက်တည်း ငါ့မှာအခုဒီလို အဖော်မဲ့ဘဝမှာရူး
လိုတယ်မင်းအချစ်မြှား ရင်ကိုခွဲလို့စူးစေသား

ဒီနာရီခြေလှမ်းများဟာ နံရံထက်ပြေးလွှားနေ

12:11 AM 4/30/2013

No comments:

Post a Comment