Monday, April 29, 2013

စိတ္တဇကား

ရေး - မြင့်မိုးအောင်

ဆို - အငဲ

မတားနဲ့ ငါ့ရဲ့စိတ္တဇကားကို မိုင်တွေကုန်အောင် ငါမောင်းခဲ့
လောက အချိန်မှန်အချက်တွေပြနေခဲ့
အရောင်မျိုးစုံ ပြောင်းလဲတဲ့ မီးပွိုင့်တစ်ခုလားလေ
ငါမယုံကြည်ဘူး အားလုံးမိတ္တူဘဝတွေလား
အသက်မဲ့မနေချင်ဘူး မလိုချင်ဘူး သံပတ်ကုန်တဲ့ဘဝများ
ချန်ရစ်ထားခဲ့ လိုက်ချင်တယ်

ဘယ်သွားနေလဲ အဆုံးသတ်ဘယ်ရောက်မှာလဲ ငါကိုယ်တိုင်မသိရှိနိုင်
ဘယ်သွားနေလဲ အဆုံးသတ်ဘယ်ရောက်မှာလဲ အဖြေမသိတဲ့ခရီး
နေရစ်ခဲ့မင်းသံသယတွေများ မင်းကိုမခေါ်ချင်ပါ ခရီးကြမ်း
လမ်းသစ်ငါအမြဲလိုရွေးချယ်တော့ ကြုံတွေ့မယ့်အန္တရယ်တွေ

ငါမယုံကြည်ဘူး အဆုံးကသိနေနှင့်ပြီ သိပ်ဟောင်းနွမ်းလွန်းတဲ့ဒီဘဝလမ်း
ဘယ်သူမှ ဘယ်ပန်းတိုင်မသိတဲ့လမ်းသစ် ဖောက်လို့မောင်းထွက်သွားချင်တယ်

မြင်နိုင်မလား ငါ့ရဲ့ စိတ္တဇကား
လမ်းသစ်တစ်ခုပေါ်မှာ

11:55 PM 4/29/2013

No comments:

Post a Comment