Monday, April 29, 2013

အသိမဲ့ရေစီး

ရေး -နိုင်းနိုင်

ဆို  - အငဲ

ဟိုအရင်လို အနမ်းတွေငါ့ကို ပြန်ပေး အသေချာရင်ခုံ ခဲ့တဲ့အချစ်
ကံတရားရဲ့သားကောင်ဖြစ်သွား ငါမယုံကြည်နိုင်အောင်ဖြစ်ပျက်ခဲ့
မင်းရေးတဲ့ ငါ့ရဲ့ဘဝ ပန်းချီကားဟာ ပျော်စရာအရောင်တွေပျယ်လွင့်နေ
မင်းအရှိတော့တဲ့မနက်ဖြန်များစွာ ငါဘယ်လိုရင်ဆိုင်ရှင်သန်မလဲ

ငါပြန်တမ်းတလည်း အိုး  ရေး  အရာရာဟာပြီးခဲ့ပြီပေါ့
ပြန်မဆုံတော့ဘူး အိုး  ရေး  အရာရာဟာပြီးဆုံးသော်လည်း
ငါဟာမိုက်မှားဆဲ

နာကျင်ခြင်းတွေပြည့်လျှံနေတဲ့ ဒီအတွေးတွေနှိပ်စက်ဆဲ
မျှော်လင့်ခြင်းတွေတစ်စစီပျက်စီး
ငါဟာမင်းကိုတမ်းတဆဲ

အတိတ်ကတို့နှစ်ယောက် ချစ်ခဲ့ခြင်းတွေ
ဒီမြေပေါ် နင်ချန်ခဲ့တယ် မင်းမရှိတော့အခန်းငယ်ထဲမှာ
အချိန်ဟာသေသလိုရပ်နေတယ်

နွေရင်ခွင်သစ်ရွက်များလို တို့ရဲ့အချစ်တွေကြွေခဲ့ပြီလား
ပူလောင်စွာ အလွမ်းဆုံးနေ့တွေ မင်းပေးခဲ့တယ်
အမှားအယွင်းများတဲ့ တို့ရဲ့အချစ်တွေ ပြန်တပ်မက်ဆဲ
ဟိုအရင်ကလို အချစ်များနဲ့

ငါဟာအသိတရားမဲ့   အကြိမ်ကြိမ်မိုက်မှားဆဲ

12:23 AM 4/30/2013

No comments:

Post a Comment