Tuesday, April 23, 2013

နေရစ်တော့ကွယ်သွားတော့မယ်

ရေး -
ဆို - စိုင်းထီးဆိုင်

ဒီအရိပ်အောက်မှာ အတူတူနေမယ် အမြဲရည်မှန်းထားခဲ့တယ် အလိုပြည့်ဖို့တစ်ခုတည်းကိုယ့်မှာ နားလည်
ဒီအရိပ်အောက်မှာ ထာဝစဉ်ပျော်မယ် စိတ်ဆန္ဒရှိလည်းကွယ် ကံဆိုးတော့အချစ်အိပ်မက်ပျက်ပြယ်

ခွဲရကာနီးမှ လုပ်ရက်နိုင်တယ် တစ်ခါလောက်တောင် နမ်းခွင့်မပေးသူရယ် ကိုယ့်ရဲ့ သီချင်းနဲ့ပဲ နှုတ်ဆက်ခဲ့တယ် အချစ်ရယ်နေရစ်တော့ကွယ် သွားတော့မယ်

အချစ်ပန်းလေးတွေ ဝေနေချိန်မှာ အဖိုးတန်မှန်းမသိခဲ့ နဂိုရ်ရပိုင်ခွင့်ပဲလို ထင်မိတယ် အချစ်စကားလေးတွေ ဝေနေချိန်မှာ တုံ့ပြန်ဖို့သတိမရတယ် အခုများမှာ အဖြစ်ရယ် နှောင်းပေါ့ကွယ်

ကိုယ့်အမှားတွေပဲလို ဖွင့်ပြောကာရယ် လွန်သမျှကျေနပ်ဖို့တောင်းပန်တယ် ကိုယ်ချစ်ခြင်းနဲ့ပဲ နှုတ်ဆက်ခဲ့တယ် အချစ်ရယ်နေရစ်တော့ကွယ် သွားတော့မယ်

တစ်သက်လုံးမှလေ တစ်ခါကြုံချိန် ပွင့်ချိန်နဲ့တိုက်မှကွယ် ဒီအချစ်ဆိုတဲ့ ပန်းလေးဟာ ရှားတယ် တစ်သက်လုံးမှလေ တစ်ခါကြုံချိန်မှာ ခူးချွေခဲ့ပြီးမှကွယ် ကိုယ်ဂရုမစိုက်မိတော့ နွမ်းပေါ့ကွယ်

နှလုံးသားမှာ ထားခွင်မရှိတော့ရင်လည်း တစ်ခါချစ်ခဲ့ဖူးလို့ဝမ်းသာတယ် မမေ့နိုင်ခြင်းနဲ့ပဲ နှုတ်ဆက်ခဲ့တယ် အချစ်ရယ် နေရစ်တော့ကွယ် သွားတော့မယ်

လူသားတိုင်းမှာ ကိုယ်စီပါတယ် ဘဝရဲ့အလှအပများရယ် အခွင့်အရေးအစွမ်းအစတဖက်စီရှိတယ် လူတစ်ဦးတစ်ယောက်အတွက်နိုင်တယ် မနိုင်တယ် အချစ်နဲ့ပတ်သက်သမျှရယ် အရာတိုင်းပဲ တရားတယ်မျှတတယ်

အကောင်းဆုံးကိုရွေးခွင့်မရှိတော့ရင်လည်း ဒီဘဝဒီမျှနဲ့ပြီးစေကွယ် ကိုယ့်ရဲ့အရှုံးနဲ့ပဲ နှုတ်ဆက်ခဲ့တယ် အချစ်ရယ် နေရစ်တော့ကွယ် သွားတော့မယ်

နေရစ်တော့ကွယ် သွားတော့မယ်
အချစ်ရယ် နေရစ်တော့ကွယ် သွားတော့မယ်
8:21 PM 4/23/2013
စိုင်းထီးဆိုင်

mmlyric.blogspot.com

No comments:

Post a Comment