Tuesday, April 23, 2013

အရင်လိုဘဝမျိုးရောက်ချင်တယ်

ရေး -
ဆို - စိုင်းထီးဆိုင်

အပြုံးပန်းမလှတဲ့ ကိုယ်လိုလူရဲ့ အပြုအယုအယဟာ
မင်းဘဝအတွက်တော့ မဖူလုံနိုင်သေးတယ်
အပြုံးနဲ့နှုတ်ဆက်နေစဉ် ကိုယ့်အတွေးများက အဝဲဝဲလည်
မင်းနဲ့အရင်လို ဘဝမျိုးရောက်ချင်တယ်


အရင်တစ်ခါနေလာခဲ့တဲ့ ဘဝကို ပြန်လိုချင်သေးတယ်
အတူနေချင်ပေမယ့်လည်းအသက်ရယ် စိမ်းကားသွားခဲ့တယ်
ငိုနေချင်ပေမယ့်လည်း ရှိုက်သံရင်မှာ မြိုသိပ်ကာ
အစဉ်သာရင်မှာ အမြဲတမ်းတနေမယ်


ဘဝလမ်းကြမ်းတဲ့ကိုယ်လိုလူရဲ့ အပြုအစုအစောင့်အရှောက်ဟာ
မင်းနှလုံးသားက မလိုချင်ပြီပေါ့လေ
အပြုံးနဲ့ခွင့်လွှတ်နေစဉ် ကိုယ့်အသည်းများလည်း ကျွမ်းခဲ့ပြီ
မင်းနဲ့အရင်လို ဘဝမျိုးရောက်ချင်တယ်


(အရင်တစ်ခါနေလာခဲ့တဲ့ ဘဝကို ပြန်လိုချင်သေးတယ်
အတူနေချင်ပေမယ့်လည်းအသက်ရယ် စိမ်းကားသွားခဲ့တယ်
ငိုနေချင်ပေမယ့်လည်း ရှိုက်သံရင်မှာ မြိုသိပ်ကာ
အစဉ်သာရင်မှာ အမြဲတမ်းတနေမယ်)၂
စိုင်းထီးဆိုင်

No comments:

Post a Comment