Tuesday, April 23, 2013

ဒီဆောင်းတစ်ည

ရေး -
ဆို - စိုင်းထီးဆိုင်

နှစ်တိုင်းကြုံကာနေမယ် ဟေမာန်ဆောင်းရယ် ဒီအလွမ်းရယ်
ချစ်တဲ့သူ မျှော်နေခဲ့တယ် ကိုယ့်အတွေးများလည်း
နောက်တစ်ခေါက်လာချင်သော်လည်း မလာနိုင်တော့ ရင်နာမိတယ်
မငိုချင်ဘူး ဒီဆောင်းတစ်ညတော့ မငိုချင်ဘူး

အချစ်ဆုံးနဲ့ လမ်းခွဲကာကိုယ်စီသွားတဲ့ ဒီဆောင်းတစ်ညမှာ
အချစ်ဆုံးလည်း လမ်းဆုံးမှာ ငိုနေခဲ့တယ်

အချစ်ဆုံးရဲ့ရင်ခွင်ထဲမှာ ဘဝမေ့ကာပျော်နေတော့ကွယ် အို မိန်းမချောလေးရယ်
လွမ်းတေးတွေသီဆိုရင် ကိုယ်ဆုတောင်းနေမယ် အချစ်ရယ်
မငိုချင်ဘူး ဒီဆောင်းတစ်ညတော့ မငိုချင်ဘူး


အချစ်ဆုံးနဲ့ လမ်းခွဲကာကိုယ်စီသွားတဲ့ ဒီဆောင်းတစ်ညမှာ
အချစ်ဆုံးလည်း လမ်းဆုံးမှာ ငိုနေခဲ့တယ်
စိုင်းထီးဆိုင်

mmlyric.blogspot,com

No comments:

Post a Comment