Monday, April 29, 2013

သီချင်းများနဲ့လူ

ရေး - မောင်သစ်မင်း
ှဆို - ထူးအိမ်သင်

အလှတရား ထွန်းကားဖြန့်ကျက်ဖို့ အနှောက်အယှက်ရှိသမျှ ခွင်းပစ်ဖို့ သီချင်းတစ်ပုဒ်က မြှားတစ်စင်းဖြစ်ပါစေ

လောဘဆူးငြှောင့်ဆူးခတ်တို့ ခရီးသွားလမ်းတစ်လျှောက် ရှင်းပစ်ဖို့ သီချင်းတစ်ပုဒ်
ကဓါးတစ်လက်ဖြစ်ပါစေ သီချင်းများနဲ့ လူဤကမ္ဘာကိုအကြင်နာပို ကာကွယ်နိုင်ပါစေသားကွယ်
သီချင်းများနဲ့လူ ဤကမ္ဘာကိုသာယာအောင်
ကူညီနိုင်စေသားကွယ် )
ဒီလောကကြီးအမြဲလှပဖို့ နှလုံးသွေးပေးဆပ်
ပြုစုစို့ သီချင်းတစ်ပုဒ်ကြောင့်ပန်းတစ်ခင်းဖြစ်ပါစေ
မြူခိုးဆီးနှင်းတို့ကျတဲ့ခဏ ကြယ်ကလေးနများမလင်းတဲ့ /မလက်တဲ့ လမိုက်ည
သီချင်းတစ်ပုဒ်ကြောင့် အလင်းတန်းရပါစေ/အလင်းဖြစ်ပါစေ

ခွန်အားများကင်းမဲ့ စိတ်ဓာတ်ကျ ခေါင်းငုံ့ဒူးထောက် မျက်ရည်ဝေ့တဲ့ဘဝ
သီချင်းတစ်ပုဒ် အင်အားသစ်ဖြစ်ပါစေ
လူသားရဲ့အတ္တ အစွန်းမရာက်ဖို့ ဒေါသမီးများငြိမ်းအေးဖို့ သီချင်းလေးတစ်ပုဒ်
နူးညံ့ပျော့ပျောင်းစေ

2:15 PM 5/1/2013

No comments:

Post a Comment