Monday, April 29, 2013

ကြိုးငွေခြည်နဲ့ရွှေစင်အပ်

ရေး - မောင်သစ်မင်း

ဆို - တင်ဇာမော်

စကားဆုံးရောက်အောင် မေးချင်ပါရဲ့
ဘယ်လိုသဘောမျိုးနဲ့ ကြင်နာမလဲ
လွယ်လွယ်ကူကူ ချစ်ကတိပေးလို့
အမြဲတမ်းပဲ ချစ်မယ်တဲ့လား

စဉ်းစားဦး စိတ်ကူးမလွယ်ပါနဲ့
နာမည်တစ်ခုနဲ့ငွေတွေနဲ့
ဒါတွေကို ကျွန်မက မက်ချင်
ပျော်ရွှင်မှုနဲ့ အချစ်မရနိုင်

(အဓိကကျတာစည်းစိမ်မဟုတ်ဘူး
နှလုံးသားထဲက အချစ်တစ်ခုပဲ
တကယ်လိုတာကို မောင်မပေးဘူးဆို
ကျွန်မအသည်းလေးကွဲအက်သွား
ကွဲတဲ့အသည်းကို ကြိုးငွေချည်နဲ့
ရွှေစင်အပ်နဲ့ သီချုပ်လည်း /ချုပ်ခဲ့လည်း
ဒီဒဏ်ရာဟာ ဆက်လို့မရနိုင်
မောင်ရေစဉ်းစားကြည့်လိုက်စမ်း)၂
(မောင့်ရဲ့အချစ်ကို စိတ်ချရအောင်
သေချာပြော ပြောပြဦး)

1:42 PM 5/1/2013

No comments:

Post a Comment