Monday, April 29, 2013

ရာဇဝင်ရိုင်းတယ်

ရေး - မောင်သစ်မင်း

ဆို - လေးဖြူ

ငါ့ရဲ့စိတ်ကူးတွေ စုတ်ပြတ်သွား
ရောမမြို့လိုပျက်ခဲ့ရ
ဟိုတုန်းကတော့ ငါ့ဘဝကြီးကျယ်ခဲ့
အင်ပိုင်ရာ ထူထောင်မယ့်သူ့အချစ်နဲ့

ငါ့ရဲ့အသည်းနှလုံးကသူ့အတွက်ပဲ
ချစ်သူ့ရင်ခွင်ပေါ် ငါနန်းတော်ဆောက်
ချစ်သူပေးလာတဲ့သစ္စာများ
ယုံလွယ်သူဟာ ငါ့ရဲ့အမှား
(ငါ့ဘဝကြည့်လိုက်စမ်း ပြိုကွဲပျက်စီး ဘာမှမရှိတော့ဘူး
(ရာဇဝင်ရိုင်းတယ် ရာဇဝင်မှာတကယ်ရိုင်း)
ကြည့်လိုက်စမ်းဘဝ
ရောမမြို့ပျက်ကြီးကို ကြည့်လိုက်စမ်း
ဟိုစဉ်အခါ လိုမဟုတ်တော့ဘူး
ငါ့ရဲ့အသည်းနှလုံးဟာ အဲဒီအတိုင်း
သုတေသီများလာကြည့်လှည့်အုံး

မချစ်ဝံ့ဘူးနောက်ဆို မချစ်တော့ဘူး
ရေမြွေလိုနေမယ် တစ်သက်လုံးပဲ
မိန်မတွေ လှရင်သတိသာထား
ချစ်စရာကောင်းသလို ကြောက်စရာကောင်း
(ငါ့ဘဝ)
ဝိုး
ရာဇဝင်ရိုင်းတယ်
ငါ့ရဲ့ဘဝက စုတ်ပြတ်သွားခဲ့
သိပ်ကြောက်စရာကောင်းတယ်
စုတ်ပြတ်သွားမယ်
သိပ်ကြောက်စရာကောင်းတယ်

2:27 PM 5/1/2013

No comments:

Post a Comment