Monday, April 29, 2013

ပန်းနုချစ်နှုတ်ခမ်း

ရေး - မောင်သစ်မင်း

ဆို - ဇော်ပိုင်

အချစ်လို့ခေါ်ခဲ့တဲ့ ဒီပန်းနုချစ်နှုတ်ခမ်း
ချစ်ကတိတွေသူပေး ကိုယ်နှလုံးသားကယုံစား
အသိအတွေ့နုသေးတော့ အကြင်နာပေးကာသူလေ ကစား
ခုတော့လေ ဝေးပြီ စိမ်းကား
အေးစက်မာကျောတဲ့ ကျောက်သားနဲ့ထုထားသလား
သူ့ရဲ့ရင်ထဲ ခံစားချက်ရှိရဲ့လား
တစ်ချက်မှစောင်းငဲ့မကြည့်/ အို စောင်းငဲ့မကြည့်
သူစိမ်းတစ်ယောက်လို သူသဘော
မနီးစပ်နိုင်ဝေးပြီစဉ်းစား
ပန်းနုနှုတ်ခမ်းပေါ် ချိုလွန်းတဲ့ပျားရည်
သေစေတဲ့အဆိပ်သုတ်လို့ ယုယမှုလေးပေးခဲ့တယ်
ပန်းလေးတစ်ပွင့်အလား ကိုယ်အသည်းမှာကြွေသွားပြီ
နူးညံ့လှတဲ့နှလုံးသား ခြွေခူးပြီးတော့ပြေး
(အခုထိ ကိုယ်စွဲတဲ့ ဒီပန်းနုချစ်နှုတ်ခမ်း စိတ်ကူးနဲ့မျှော်လင့်ချက်နှစ် ကိုယ်ခွဲ အတိတ်လူသား
စိတ္တဇအိမ်မက်လေးနဲ့လေ အမှတ်မရှိလေတဲ့အသည်း
ချစ်စိတ်တွေ ဝေးလေမျာပြား

(သေစေတဲ့အဆိပ်သုတ်လို့ ယုယမှုလေးပေးခဲ့တယ်
နူးညံ့လှတဲ့နှလုံးသား ခြွေခူးပြီးတော့ပြေး)
(ချစ်စိတ်တွေ ဝေးလေမျာပြား)
(ခုတော့လေ ဝေးပြီစိမ်းကား)

4:22 AM 4/30/2013

No comments:

Post a Comment