Monday, April 29, 2013

အဆိပ်ခွက်


ရေး - မင်းယု
ဆို - မျိုးကြီး

နာကျင်စရာများနဲ့ ဖြန့်ကာထားတဲ့ လှိုင်းလေထဲ ကူးခတ်ရင်းငါ ကမ်းပျောက်နေဆဲ
အို  မောပန်းလို့နွမ်း  ဒဏ်ရာတွေ အပြည့်နဲ့စိမ့်ဝင်ကာစီးခဲ့ ငါ့ရဲ့သွေး
ခါးသီးပေမယ့် ခုံမင်ကာတပ်မက် ဒါအဆုံးမရှိတဲ့လမ်း အိုး သိပါတယ်
ကာရံတွေကင်းမဲ့ အလင်းရောင်တွေ မရှိတဲ့ငါ့ဘဝကို မင်း   နင်းချေလိုက်
အဲဒါမင်းအတွက်အမှန်ဆုံး ဒါမင်းလေးအတွက်ပေါ့
ဂျစ်ပစီလို ငါ့အတွက်မျက်ရည်မကျနဲ့ ချစ်သူလေးထားခဲ့ပါတော့
ငါဟာလေမင်းအတွက် အဆိပ်တစ်ခွက်ပါပဲ ကိုယ့်  ချစ်သူရေ

အိုးငါဟာမုန်တိုင်းကြားထဲက လေလွင့်တဲ့ငှက်တစ်ကောင် မင်းထားခဲ့စမ်း
လျှောက်  အာရုံမနက်ခင်းလေးထဲမှာ အရင်လိုပျိုမြစ်တဲ့လမ်းတွေ
မင်းလျှောက်လိုက်စမ်း စွန့်ခဲ့ဝိုင်လိုမူးရစ်တဲ့အနမ်းတွေ စွန့်ခဲ့ပြန်လည်မလိုချင်နဲ့တော့

မင်းအတွက် ဟိုမှာ လင်းလက်တဲ့ကောင်းကင် တောက်ပခြင်းတွေ အို ကြိုလင့်တော့
ကာရံတွေကင်းမဲ့ အလင်းရောင်မရှိတဲ့ငါ့ဘဝကို
မင်း   နင်းချေလိုက်
အဲဒါမင်းအတွက်အမှန်ဆုံး ဒါမင်းလေးအတွက်ပေါ့
ဂျစ်ပစီလို ငါ့အတွက် ဘာကြောင့်ငို ကြွေးမလဲ ချစ်သူလေး နင်မေ့ထားခဲ့
အိုး   ငါဟာလေမင်းအတွက် အဆိပ်တစ်ခွက်ပါပဲ ကိုယ့်  ချစ်သူရေ


4:08 AM 4/30/2013




No comments:

Post a Comment