Monday, April 29, 2013

စည်း

ရေး -ကေအေတီ်

ဆို - ဝိုင်ဝိုင်း

ဝမ်းနည်းတတ်သူကို မင်းထပ်မနှိပ်စက်နဲ့တော့
အချစ်ကကိုယ့်အတွက်ဆို အမြဲတမ်းရှုံးမယ့် တိုက်ပွဲတစ်ခု
နောက်တစ်ခေါက်မရှုံးချင်ပါ မင်းငါ့အတွက်မတွေးနဲ့တော့
ဟိုး အဝေးဆုံးတစ်ဖက်မှာ ဘဝကို အသစ်ပြန်စ
မင်းကြောင့်သာ မပြောရက်ပါ မလွန်ဆန်နိုင်ရဲကံတရားရှိခဲ့လိုပဲ
ဒီလိုဇာတ်သိမ်းဖို့ ပညတ်ထား
နောက်လူရင်မှာပျော်နိုင်မှာပါ ငါ့အနားမလာနဲ့တော့
အခုလိုပြောတာ မချစ်လို့မဟုတ်ဘူးနော်
(ဒီလိုနဲ့ပဲ) သိပ်မကြာခင်အမင်ပြေမှာပါ ငါနားလည်ပြီးသား
မင်းနဲ့ကိုယ်နဲ့ စည်းခြားနေပြီကွာ
ခြောက်သွေ့သစ်ပင်တောင် အမြဲထာဝစဉ်မခြောက်ခမ်းဘူး
တစ်နေ့တော့မိုးထဲမှာ အမွှေးဆုံးပန်းများပွင့်လန်းလို့
ငြိမ်းချမ်းတဲ့ရင်ခွင် မင်းမှေးစက်အိပ်လိုက်တော့
မဝေးသော တို့အတိတ်ဟာ အိပ်မက်လိုသာကျန်ရစ်ခဲ့
မင်းကြောင့်သာ မပြောရက်ခဲ့ပါ ဒီလိုအဆုံးသတ်ဖို့အကြောင်းရှိခဲ့လို့ပဲ
မလွန်ဆန်ရဲလောက်တဲ့ တို့ကံတရား

ဒီလိုမင်းတစ်ယောက်တည်းကိုပဲ အပြစ်မပြောရက်ခဲ့ပါ
မလွန်ဆန်ရဲလောက်တဲ့ကံတရားလှည့်စား
မင်းနဲ့ကိုယ်နဲ့ စည်းခြားထား

4:35 AM 4/30/2013

No comments:

Post a Comment