Wednesday, April 10, 2013

ရေဒီယိုကမာရွတ်


ရေး - စိုင်းခမ်းလိတ်
ဆို - စိုင်းထီးဆိုင်

ဟိုဘက်အိမ်ကညတိုင်း ညတိုင်း
စာအကျယ်ကြီး ကျက်တတ်တဲ့ ဆယ်တန်းကျောင်းသူကို
ကျွန်တော့်တို့ အဖွဲ့က ချစ်စနိုးလေးနဲ့
ရေဒီယိုကမာရွတ်လို့ မှည့်ထားတယ်

အို ရေဒီယို ကမာရွတ်ရေ ကြိုးစားလိုက်စမ်းကွယ်
ဒီ တွေနဲ့အောင်ဖို့ ဆုတောင်းပေးမယ့်သူတွေရှိတယ်

စာအုပ်ကိုင်ကာ ကျက်ရင်း လျှောက်ရင်း
တစ်ခါတစ်ခါ ပြတင်းဝက ဖြတ်အလာ စောင့်ကြည့်သူရေ
ကိုယ်တို့ရှိလို့အနှောက်အယှက် ဖြစ်ရင်
အလည်လာတဲ့ တရပ်သားမို့ခွင့်လွှတ်ကွယ်
အို  ရေဒီယိုကမာရွတ်ရေ စိတ်မဆိုးလိုက်နဲ့ကွယ်
စာတွေမကျက်နိုင်ရင် ဝမ်းနည်းရမယ့်သူတွေရှိတယ်

ဒီနေ့မှာတော့ တို့များရင်ထဲ
ဟာနေရတဲ့အကြောင်းအရင်း စီစစ်လိုက်ရှာတော့
ဆယ်တန်းတွေ စာမေးပွဲပြီးလို့ ရေဒီယိုကမာရွတ် ပိတ်ထားခြင်းပဲ

အို  ရေဒီယိုကမာရွတ်ရေ တိတ်ဆိတ်လွန်းလို့ကွယ်
စာအံတဲ့အသံလေး တောင့်တမိတဲ့သူတွေရှိတယ်

8:55 PM 4/28/2013

No comments:

Post a Comment