Wednesday, April 10, 2013

ငါ့ဂီတငါ့ဗီဇ

ရေး - ဖော်ကာ
ဆို - Wanted

ငြင်းဆန်မှုနဲ့ တင်းမာတတ်ခဲ့ နားလည်မှုတွေမရှိတဲ့နောက်
ဒီဘဝဒီမျှနဲ့ ဝေးကြမယ်
လောကဓံတရားနဲ့ ပြောင်းလဲခြင်းထဲ မင်းမြတ်နိုးပြီး အားပေးဖူး
ဂီတကိုတောင် စွန့်လွှတ်ခိုင်းတတ်နေ
ပရောဂမကင်းတဲ့ မင်းရဲ့စကားသံများဟာ လွဲနေ
နည်းနည်းလေးတောင် ထင်မှတ်မထားတဲ့နေ့တွေ ရောက်လာခဲ့
(ငါ့ကိုမုန်းချင်မုန်းပါဟေ့ ငါ့ကိုပစ်ချင်ပစ်ပါဟေ့
ငါ့ဂီတကို မထိခိုက်နဲ့ ဂီတနဲ့အသက်ရှင်မယ်)၂
ရုန်းကန်မှုရဲ့ ဘေးထွက်အရှုံးနဲ့ ရလာခဲ့တာစိတ်ကျခြင်း
နင်ပဲအစဉ်ဖျောင်းဖျပေးခဲ့တာ
စိတ်ချမ်းသာမှုနောက်လိုက်ခဲ့ဖူးတယ် ရိုးတဲ့စိတ်ကို မင်းအရောင်ဆိုး
ထွက်သွားတာတောင် တားဖို့အားမရှိပါ
လောဘမကင်းတဲ့မင်းရဲ့ အယူအဆတွေပြောင်းလာခဲ့
နည်းနည်းလေးတောင် ထင်မှတ်မထားခဲ့တဲ့နေ့တွေရောက်လာခဲ့
10:22 PM 4/17/2013

No comments:

Post a Comment