Wednesday, April 10, 2013

ခဲမလောက်

ရေး - မောင်မောင်ဇော်လတ်
ဆို - The Ants
ကြင်နာသူအပါး ခစားကျွန်တော်
ဂစ်တာနဲ့ အသံကုန်ဟစ်အောင်
ကျက်သရေအပေါင်းစုံဖို့တော့
တရော်ကင်ပွန်းတွေနဲ့ ခေါင်းလျှော်
အင်္ဂါသားကျွန်တော်များအပေါ်
လူတွေကစေတနာထားသနော်
ခြိမ့်ခြိမ့်သဲ အကုန်ဝိုင်းဆော်
မေတ္တာများ တကယ်ကိုထားသပေါ့
ညညသီချင်းဆိုစားလိုက်တော့ ရပ်ကွက်ကလည်းခဲနဲ့ တစ်ခဲနက်ကြွေးကြော်တာပေါ့
(ခဲမလောက်တီးဝိုင်းလာပြီနော် ခဲမလောက်တီးဝိုင်းလာပြီနော်)၂
(ခဲနဲ့ပေါက်)၎
ဒီတစ်အိမ်က ဒီတစ်မျိုးအော် ဟိုတစ်အိမ်က လိုလိုဝဲသပေါ့
ယောက္ခကလည်း ထပြီးဆော် လက်သံအပြောင်ဆုံးသူပေါ့
အရှောင်အတိမ်း ဂျက်စီဂျိမ်း ကျွန်တော်
ထိပ်ပေါက်သွား စိတ်နောက်မလားနော်
တစ်ရပ်ကွက်လုံး ဆူညံလည်းပေါ့ ကြင်နာသူကတော့ အိပ်ပျော်
10:36 PM 4/17/2013

No comments:

Post a Comment