Wednesday, April 10, 2013

ဘဝ

ရေး - ကိုင်ဇာတင်မှုံ
ဆို - ကိုင်ဇာတင်မှုံ
အအေးမိလို့ချောင်းဆိုးကာ ငါချူချာလာ
ကိုယ်ပူတောင် နင်မလာစမ်းပါ
အဖျားတက်ပြီး အိပ်မရချိန်မှာ နင်ဟာမမှုပါ
တညင်းသီးအုန်းနို့စမ်းကို နင်ဟာဝယ်လာ
ကိုကိုတောင် ခေါ်ဖော်မရပါ
နင်မိဘသွေးတိုးလာတော့ ပြာနေလိုက်တာ
လခထုတ်ပြီးတဲ့အခါ နင်ရယ်နိုင်လာ
ကိုကိုရယ် ငွေအကုန်အပ်ပါ
မီးမီးရဲ့ အစ်မနဲ့အစ်ကို ငွေလိုဦးမှာ
ကားရှုပ်တဲ့လမ်းမထက် လူပုံအလယ်မှာ
အိမ်ကိုပြန်ရန် အချိန်ရောက်လာ
ငါ့အိပ်ကပ်ထဲရှိတာ ၂၀ တည်းပါ
ရည်းစားဘဝတုန်းကသာ ငါလိုလူဟာ
ဒါတွေကို ကြိုမမြင်ခဲ့တာ
လက်ထပ်ပြီးနောက်ပိုင်းမှာတော့ အမြင်မှန်ရလာ
ပြောစမှတ်ပြုရတဲ့ စကားပုံက
လူမသေ ငွေမရှားပါ
စိတ်ပျက်လက်ပျက်နဲ့ ငါဂစ်တာကိုင်ကာ
စတူဒီယိုကို ချီတက်လာ
ဘဲဥနဲ့ တစ်နဲ့စပ်ကြား နှစ်ပုံတစ်ပုံအဖြစ်ငါ
တေးတစ်ပုဒ်နဲ့ ထမင်းတစ်လုပ်ကို ငါဝယ်နိုင်လာ
ဒါပေမယ့် ငါမအံ့သြပါ
သီချင်းတစ်ပုဒ်အတွက် ပေးရတဲ့အချိန်က ၁၀ နှစ်တည်းပါ
မိန်းမနဲ့ ကလေးနှစ်ယောက်ရယ် ငြိမ်ငြိမ်နေကွာ
လူဆိုတာ ဒီလိုပဲကွာ
စိတ်ဆင်းရဲပြီး အရမ်းချမ်းသာလာတော့ ပျော်နိုင်ဦးမလား
10:45 PM 4/17/2013

No comments:

Post a Comment