Wednesday, April 10, 2013

နင့်အကြောင်း

ရေး - အငဲ
ဆို - ခင်ဘုဏ်း

ကလေးအရွယ်က သူငယ်ချင်းကျောင်းမှာပြန်တွေ့တော့
ဟိုငယ်တုန်းကအတိုင်းတို့တွေပြန်တွဲကြတယ် လူတွေထင်ရင် ငါရှက်တတ်ပြီး
ချစ်သူရှိပြီလား နင့်ကိုငါမေးတော့ ချစ်နေတဲ့သူက သိတောင်မသိဘူးတဲ့
ဘယ်သူကို ရည်ရွယ်ပြီးပြောသလဲလေ
ဇတ်လမ်းကိုစသလား ငါထင်ပြီး နင်ပြောစကားကိုလည်း ငါ့ရင်ထဲ လှုပ်ရှားနေမိ

နင့်အကြောင်းတွေးရင် ငါဘယ်လိုမှ အသက်ရှုမဝဘူး
နင့်အကြောင်းမေးရင် ငါဘယ်လိုမှ မပြောပြတတ်ဘူး
နင့်ကို စိတ်ညစ်လိုက်တာ
တို့နှစ်ယောက်အကြောင်းတွေ သိနေရက်နဲ့ ဘာတွေခက်နေတာလဲ
နင့်အကြောင်းတွေးရင် ငါဘယ်လိုမှာ အသက်ရှုမဝဘူး
(ငါဘယ်လိုမှ အသက်ရှုမဝဘူး)

နင့်ဇတ်လမ်းကလည်း မိုက်တော့ မမိုက်ဘူးကွာ
အချစ်ကိုသိအောင်တော့နင်ပဲ ဖွင့်ပြောရမှာ
တကယ်ဆို ထီကမထိုးပဲ ပေါက်မလား
အဲသလောက်ပြောနေလဲ လှုပ်ကို မလှုပ်ရှားတာ
သိပ်အူယားတာပဲ စိတ်ထဲပေါက်ကွဲလာ
ကြာရင်ငါတကယ်ကို ရူးတော့မယ်
နင့်ကိုမုန်းတာ ငါ့အလိုက်ကို မသိဘူး ငယ်ကအကျင့်အတိုင်းပဲ အခုထိအနိုင်ကျင့်

အောက်ခြေလွတ်အောင်လည်း ဘဝင်မြင့်ဖူးတယ် မင်းဂရုစိုက်ရင်
မျက်ရည်ကျအောင်အထိ သိမ်ငယ်ခဲ့ဖူးတယ် မင်းပြစ်ထားရင်
မချစ်တော့ဘူးကွာ စိတ်ကုန်လွန်းလို့ မသိသလိုပဲ နေလိုက်မယ်

နင့်အကြောင်းတွေရင် ငါဘယ်လိုမှ အသက်ရှုမဝဘူး
နင့်အကြောင်းမေးရင် ငါဘယ်လိုမှ မပြောပြတတ်ဘူး
5:23 PM 4/19/2013

No comments:

Post a Comment