Monday, April 29, 2013

စက္ကူလေတံခွန်


ရေး - မြင့်မိုးအောင်
ဆို - အငဲ

ဒီနေ့ ငါလေကျဆုံးခြင်း ပြန်မဆုံနိုင်တဲ့ ချစ်ခြင်း နှုတ်ဆက်ခြင်းရဲ့သီချင်း
ငိုချင်တာမေ့ပစ်လိုက် ငိုနေတာမေ့ထားပြီး
ငါ နင့်အနား မရှိတော့ပေမယ့် အရင်လိုရင်ဆိုင်သွားလိုက်
နတ်ဆိုးရဲ့ မုန်တိုင်းတွေ ဘဝများပေါ် တိုက်ခတ် ငါလွင့်ထွက်ခဲ့ပြီ
အမှန်ကိုမြင်လိုက်တော့ တစ်ယောက်တည်းသာ မင်းလေးရဲရင့်ပါ
ရှေ့ဆက်မယ့်လမ်းတို့တစ်ယောက်တည်းသာ ရဲရင့်တော့ ရဲရင့်လိုက်ပါတော့

လေတံခွန်လို မင်းရဲ့အဝေးဆုံးလွင့်ခဲ့
လေတံခွန်လို ကြိုးများပျက်တောက်သွားပြီ
ဝေးကြမှာ (မုန်တိုင်းတွေတိုက်ခတ်တဲ့အခါ/ဒီမုန်တိုင်းထဲမှာ)
လေတံခွန်လို ငါ့ဘဝ စုတ်ပြတ်သွားခဲ့တာ အားတင်းကာပြုံးလိုက်စမ်း
ငါသွားရတော့မယ် မငိုနဲ့ကွာ

ကြိုးပြတ်တောက်လို့သွားခဲ့ စက္ကူလေတံခွန်
ငါတို့နှစ်ယောက်ရဲ့ရှေ့က လမ်းမပေါ်မှာလေ
တွေ့လိုက်ရတဲ့အခိုက်အတန့် စိုထိတ်ခဲ့
တို့ဝေးရတော့မယ် သိနှင့်နေပြီ

နင်တစ်ယောက်တည်း ခရီးဆက်လိုက်
တစ်ယောက်တည်း အဆုံးထိ နင်အားတင်းရင်ဆိုင်နေလိုက်
အတူနေစဉ်က အတူတူရင်ဆိုင်ဖြတ်သန်းစဉ်က
ပျော်ရွှင်တဲ့ခဏများ ရင်မှာ ထာဝရ မှတ်သား
ငါမြင်ချင်တဲ့ ကမ္ဘာအား နင်မြင်ချင်တဲ့ ကမ္ဘာအား
အတူတူယုံကြည်တဲ့ကမ္ဘာအား
နင်တကယ်ဖန်ဆင်းလိုက်စမ်း နင်လေဖန်ဆင်းခဲ့ပါ

9:39 PM 4/29/2013

No comments:

Post a Comment