Monday, April 29, 2013

တံဆိပ်မကပ်နဲ့


ရေး - မောင်မောင်ဇော်လတ်
ဆို - အငဲ

သီချင်းက ရော့ခ် အဆုံးအစမဲ့ ဆိုညည်းရင်းနဲ့ ငါသေချင်တယ်
သီချင်းများပဲ ငါကိုးကွယ်မယ် ဘဝကသီချင်း ကဲ
အားလုံးနဲ့မလဲတာ အပြစ်လို့ ပြောကြဟေ့
လုံးဝကိုမက်မောတယ် ငါ့ရဲ့ သီချင်းလေး
မက်တယ်လ် လို့မပြောလိုက်နဲ့
ပုံစံတွေ တံဆိပ်မကပ်နဲ့ အိုး ရေး
သေဆုံးတဲ့နေ့ လာငိုမနေနဲ့ ဆိုကြသီချင်းများ ငါ့ရဲ့နံဘေး
ဝမ်းနည်းတမ်းတ ပူဆွေးကြမယ့် အစား
ငါ့သီချင်းများပဲ လိုက်ညည်းကြ

အားလုံးနဲ့လဲတာ အပြစ်လို့ပြောကြဟေ့
လုံးဝတွယ်ဖက်မယ် ငါ့ရဲ့သီချင်းလေး ဟေ့

အော်လ်တာ လို့မပြောလိုက်နဲ့
ပုံစံတွေ တံဆိပ်မကပ်နဲ့ အိုး ရေး
မော်ဒန်ရော့ခ် လို့မပြောလိုက်နဲ့
ပုံစံတွေ တံဆိပ်မကပ်နဲ့ အိုး ရေး

မက်တယ်လ် လို့မပြောလိုက်နဲ့
မင်းတို့အကြိုက် တံဆိပ်မကပ်နဲ့ အိုး ရေး

10:00 PM 4/29/2013

No comments:

Post a Comment