Monday, April 29, 2013

သဲကိုးဖြာ


ရေး - ဇဝါ
ဆို - အငဲ

နားစိုက်ထောင်ပါဟေ့ ဒီရင်မှာရှိက်ခတ်နေတယ်
အော်ဟစ်ရင်းနဲ့ ငါ့ရင်ထဲ မြုံနေတဲ့သီချင်းတစ်ပုဒ် ရှိတယ်
ခဏလောက်စာနာဦး ငါဟာမင်းရဲ့ ကြမ်းပြင်ထက်
ဒဏ်ရာနဲ့လူးလိမ့်နေခဲ့ ဒါတွေကို မင်းသိသင့်တယ်

ရှုံးနိမ့်နေပြီပေါ့ မင်းရဲ့ဒဏ်ရာအောက်မှာ
ငါဟာ လဲကျခဲ့သူပါ အဖြေကိုခုထိလိုက်ရှာ
အလင်းမဲ့ပြီပေါ့ အချစ်ရဲ့ကျိန်စာအောက်မှာ ငါမျက်ကန်းခဲ့ရသူပါ
အဖြေကိုခုထိလိုက်ရှာ / အဖြေဟာခုထိအဝေးမှာ

စွဲမက်ကျန်နေအောင် အကြင်နာ မင်းပေးခဲ့ဖူး
ပိုင်ဆိုင်ဖူးလည်း ဝေးနေတဲ့ ဒီရင်မှာ အချစ်တစ်ခုရှိတယ်
အရူးအမူး ယုံကြည်ပြီး ထောင်ချောက်ကြီးထဲ တိုးဝင်မိ
ငါဟာ လုံးဝအရှိုက်ကိုထိ ဒီဒဏ်တွေ မင်းကြည့်လိုက်ပါ

စဉ်းလဲမှုများ တော်ပါဦး
ငါဆက်သွားဖို့ လမ်းကို
ပြပေးဦး(ညွန်ပြဦး)
အရင်လိုငါ့ရဲ့ကမ္ဘာကို
ပြန်ပေးဦး(ပြန်ကြည့်ဦး)
အပယ်ခံနေ့ရက်များထဲ
ငါတစ်ယောက်တည်း
စုတ်ပြတ်နေခဲ့ပြီး
ငါစုတ်ပြတ်ပြီး

9:17 PM 4/29/2013

No comments:

Post a Comment