Monday, April 29, 2013

အနိုင်နဲ့ပိုင်း

ရေး - ဇဝါ

ဆို - အငဲ

ငါပြန်ကြွေအောင် လာငိုပြဦးအချစ်ရယ်
ငါနစ်မြုပ်ဦးမယ် မင်း မျက်ရည်မြစ်ထဲ

ငါဟာအမှတ်မရှိ အချစ်စိတ်တွေ မွှန်ပြီးတော့
အလိုလိုခွင့်လွှတ်ပြီး မင်းအပြစ်တွေ ငါမေ့လိုက်

နင်အနိုင်နဲ့ပိုင်း ဒီမျက်ရည်လက်နက်နဲ့
နင်အနိုင်နဲ့ပိုင်း ငါ့အသည်းကို ခွဲလည်းခွဲ
အပြန်လမ်းမရှိ ရှေ့တိုးပိုချစ်ရတယ် ဒါဟာအမြဲ
နင် အနိုင်နဲ့ပိုင်း ငါရှုံးနိမ့်ဦးမယ်/ငါရှုံးနေရဦးမယ်

အချစ် ကျည်ဆန်တွေအလည်
ငါရင်ဖွင့်ထားဦးမှာ
မင်းမျက်ဝန်းမှာ
ငါ့ရဲ့ အသိညဏ်တွေလွဲမှား

ခံတပ်ကင်းမဲ့တဲ့
နှလုံးသားကို နင်တိုက်ခိုက်
အလွယ်တကူ သိမ်းပိုက်တော့
အချစ်ရေ နောက်ဆုံး၌

8:51 PM 4/29/2013

No comments:

Post a Comment