Tuesday, April 23, 2013

မန္တလေးရောက်ရှမ်းတစ်ယောက်


ရေး -
ဆို - စိုင်းထီးဆိုင်

ဈေးချိုကထွက်တိုင်းလည်း မြင်းလှည်းသမားတွေက ဘုရားကြီးလားလို့မေးကြတယ် လမ်းတကာလျှောက်တိုင်းလည်း ကလေးလေးလေးတွေက နောင်ပေနောင်လို့စကြတယ်
အို နေရာချင်းတော့မလဲပါ တောင်ပေါ်သားတစ်ယောက်ဖြစ်ရတာ ဂုဏ်ယူပါတယ်ကွာ
ဒါပေမယ့်လည်း
မန္တလေးရောက်ရှမ်းတစ်ယောက်ရဲ့အဖြစ်ဟာ မလွယ်ပါလား

ရုပ်ရှင်ကြည့်တိုင်းလည်း ပြကြတဲ့သူတိုင်း သေနတ်ပစ်ကားတွေကြိုက်သလားတဲ့
လဖက်ရည်ဆိုင်ထိုင်တိုင်းလည်း ရောင်းကြတဲ့သူတိုင်း သကြားချိုချိုနဲ့ကြိုက်သလားတဲ့
တောင်ပေါ်သားတစ်ယောက်ဖြစ်ရတာ ဂုဏ်ယူပါတယ်ကွာ ဒါပေမယ့်လည်း
မန္တလေးရောက်ရှမ်းတစ်ယောက်ရဲ့အဖြစ်ဟာ မလွယ်ပါလား

တက္ကသိုလ်ဖက်ရောက်တိုင်းလည်း မိန်းကလေး လေးတွေက ပြုံးစိစိနဲ့ကြည့်ကြတယ်
ဆေးရုံကိုဝင်တိုင်းလည်း နပ်စ်မလေးတွေက ခပ်မာမာနဲ့ဟောက်ထုတ်တယ်
အို နေရာချင်းတော့မလဲပါဘူး
တောင်ပေါ်သားတစ်ယောက်ဖြစ်ရတာ ဂုဏ်ယူပါတယ်ကွာ ဒါပေမယ့်လည်း
မန္တလေးရောက်ရှမ်းတစ်ယောက်ရဲ့အဖြစ်ဟာ မလွယ်ပါလား

ဘယ်လောက်နှိမ်ပေမယ့်လည်း မထူးတဲ့အကြောင်းကိုတော့ အချစ်နဲ့တိုင်းတာပြလိုက်တယ်
မန်းပျိုဖြူတစ်ယောက်ကို ရှမ်းချစ်လည်း ဗမာထက်မလျော့တာ ပြခဲ့တယ်
အို ဒါပေမယ့်လည်း ငွေဂုဏ်မရှိတော့ ယောက်ခမ မကြည်
မအောင်မြင်နိုင်တော့ မိဘ မကြည် မှီစရာခိုစရာမဲ့
အို နောက်ဆုံးတော့ မန္တလေးရောက်ရှမ်းတစ်ယောက်ရဲ့အဖြစ်ဟာ အရင်လိုပဲ
ဒါပေမယ့်လည်း နေရာချင်းတော့မလဲပါဘူး
တောင်ပေါ်သားတစ်ယောက်ဖြစ်ရတာ ဂုဏ်ယူချင်ပါတယ် အို အို
မန္တလေးရောက်ရှမ်းတစ်ယောက်ဟာပြုံးနေရယ်နေမယ်
8:34 PM 4/23/2013
စိုင်းထီးဆိုင်

No comments:

Post a Comment