Tuesday, April 23, 2013

ဒီထက်ပိုပြီးမတက်နိုင်ဘူး


ရေး -
ဆို - စိုင်းထီးဆိုင်

လူတစ်ယောက်ရဲ့ကောင်းကွက်ကြည့်ပဲ လိုချင်လို့တော့မရဘူးရယ်
ဒွန်တွဲတဲ့ဆိုးကွက်လည်းပါမယ်
အံ့ဝင်ခွင်ကျ ဆုတောင်းသမျှပြည့်စုံအောင် ဘယ်ဘုရားမှမစွမ်းနိုင်ဘူး
နီးစပ်တာနဲ့ ရောင့်ရဲကြရတာလည်း မင်းအသိပါတယ်

ကျောက်တိုင်းအပြစ်ကလေးတော့ရှိမယ် လူတိုင်းချွတ်ယွင်းချက်ရှိမယ်
သဘာဝရဲ့ သဘောတရားတစ်ခုပါပဲ
ပုံစံတစ်ခုထဲ ဇွတ်အတင်းသွတ်သွင်းနေရင် နဂိုရ်ရှိရင်းစွဲဂုဏ်အင် ပျက်စီးမယ့်အရေး
ပြန်ငဲ့ကွက်သင့်တာလည်း မင်းအသိပါပဲ

ကိုယ်စွမ်းသလောက်တော့ကြိုးစားခဲ့ပါတယ် ထိပ်ဆုံးထိမရောက်ခဲ့ရတောင် အလယ်အလတ်တော့မကပါတယ် ကိုယ်လိုက်မလုပ်နိုင်ဘူး
စိတ်သွားသလောက်တော့ လိုက်မလုပ်နိုင်ဘူး
ဒီလောက်နဲ့မှ မကျေနပ်ရင် လက်လျော့ဖို့ပဲ ကျန်တော့မယ်
ဒီထက်ပိုပြီး မင်းအလိုကို မဖြည့်နိုင်ဘူး
ဒီထက်ပိုပြီး မဖြစ်နိုင်ဘူး မတတ်နိုင်ဘူး

ရေနက်လည်း ကြမ်းရှိရမယ် အပင်မြင့်လည်း အဖျားရှိရမယ် အရာရာမှာ အဆုံးရှိကြရစမြဲ
ဒါပေမယ့်လည်း တိုင်းလိုမရကောင်းနိုင်တဲ့ ချစ်ခြင်းလည်း ရှိပါတယ် မင်းမတောင်းရပဲ ကိုယ်ပေးအပ်ခဲ့တာလည်း မင်းအသိပါပဲ

(ကိုယ်စွမ်းသလောက်တော့ကြိုးစားခဲ့ပါတယ် ထိပ်ဆုံးထိမရောက်ခဲ့ရတောင် အလယ်အလတ်တော့မကပါတယ် ကိုယ်လိုက်မလုပ်နိုင်ဘူး
စိတ်သွားသလောက်တော့ လိုက်မလုပ်နိုင်ဘူး
ဒီလောက်နဲ့မှ မကျေနပ်ရင် လက်လျော့ဖို့ပဲ ကျန်တော့မယ်
ဒီထက်ပိုပြီး မင်းအလိုကို မဖြည့်နိုင်ဘူး
ဒီထက်ပိုပြီး မဖြစ်နိုင်ဘူး မတတ်နိုင်ဘူး)၂
8:44 PM 4/23/2013
စိုင်းထီးဆိုင်

No comments:

Post a Comment