Tuesday, April 23, 2013

အင်းလျားသို့

ရေး - vနိုထွန်း
ဆို - ဆင်ပေါက်

အင်းလျားရယ်မရောက်ဖြစ်တာ ၈နှစ်ကြာ
ထိုင်ခုံလေးရဲ့တစ်ဖက်မှာ ကိုယ်တစ်ယောက်တည်းပေါ့ မိန်းကလေးရယ်
ဝေးသွားချိန်မင်းမသိပါ ရေပြင်အင်းယားလေးသာ
အသိဆုံးပေါ့ကွာ

ဒီတစ်ခါပဲ ကြိုတင်ပြီး
သူဟာလှည့်ကွက်များနဲ့ ဇာတ်လမ်းတစ်ပုဒ်လို
ဒါနောက်ဆုံးလို့နှုတ်ဆက်ချိန်
မရေရာစွာ တစ်ခန်းရပ်သွားခဲ့ကြပေါ့ အတိတ်ဆီ
မိန်းကလေးရယ် ခုတော့မင်းမရှိပါ
ရေပြင်အင်းလျားလေးကရှိတုန်းပဲကွာ

အင်းလျားရယ်မရောက်ဖြစ်တာ ၈နှစ်ကြာ
ကန်ဘောင်လေးရဲ့ဘေးမှာ ကိုယ်တစ်ယောက်ထဲပေါ့မိန်းကလေးရယ် ဝေးသွားချိန်မင်းမရှိပါ
ရေပြင်အင်းလျားလေးကရှိတုန်းပဲကွာ
မင်းလက်ကိုမထိဖြစ်တာ ၈နှစ်ကြာ ဘယ်ဆီ
မင်းရောက်လို့နေ ငါလေတမ်းတ တို့နှစ်ယောက်က လွဲသွားတာအပြင်းစားပါ
ရေပြင်အင်းလျားလေးသာဖြေရှင်းပေးပါ

သေချာပေါက်ကြံစည်ပြီး
သူဟာမလိမ့်တပတ်လုပ်တဲ့ လူဆိုးတစ်ယောက်လို မရှာပါနဲ့တော့နှုတ်ဆက်ချိန် သေချာတာ
ငါ့ရဲ့အသည်းကစုံလုံးကွဲပြီ
မင်းနဲ့ငါ မတွေ့ဖြစ်တာ အခုထိပါ
ဘယ်ဆီမင်းရောက်လို့နေ ငါတွေ့ဦးမှာလား
နှစ်လတွေပြောင်းသွားတိုင် မဟောင်းသေးပါ
ရေပြင်အင်းလျားလေးသာ အသိဆုံးပေါ့ကွာ

12:29 AM 4/24/2013

No comments:

Post a Comment